Pages

Wednesday, January 23, 2013

မိန်းမသား တစ်ယောက် ဘ၀အား နင်းခြေခဲ့သော ရတနာပုံ တယ်လီပို့စ် ၀န်ထမ်း တစ်ယောက် အကြောင်း


 
မိန်းကလေးချင်း စာနာစိတ်၊ လူသားချင်း စာနာညှာတာစိတ် ရှိသူတိုင်းဤအဖြစ်မှန် ဇာတ်လမ်းလေးအား အပြီးတိုင် ဖတ်ပေးကြပါရှင်။ မိန်းကလေး အားလုံး ကျွန်မကိုမဖြစ်ကြစေဖို့ စေတနာအပြည့်နဲ့ ရည်ရွယ် တင်ထားတာပါ။ ကျွန်မက မေဦးပါ ၊ဆရာမ တစ်ယောက်ပါ၊ အခုချိန်မှာ (၆) လသားအရွယ် သားငယ်လေးနဲ့ ဘ၀ကို တိုက်ပွဲဝင် နေသူပေါ့၊ ကျွန်မရဲ့ခင်ပွန်းက ပြင်ဦးလွင် ရတနာပုံ တယ်လီပို့ဒ်က Duty Engineer ဦးစိုင်းမြင့်ဇော်ဦးပါ။ အနီးစခန်း ဖောင်းတောရွာက ရှမ်းလူမျိုး တစ်ယောက်ပါ၊ သူကကျောက်ဆည် GTC မှာကျောင်းလာတက်ရင်း ကျွန်မကကျောက်ဆည်မှာ တာဝန် ထမ်းဆော င်ရ င်း နဲ့ေ တွ့ခဲ့ကြတယ်၊ လူတိုင်း အချစ်ကို တန်ဖိုးထားတတ်ရင် ကျွန်မကိုစာနာကြမှာပါ၊

ကျွန်မ အချစ်ကို ဖွင့်ဟပြောရလို့ မရှက်ပါဘူး၊ အမှန်တရားပါ …. ကျွန်မ သူ့ကိုကွန်ပြူတာ သင်တန်းမှာ စတွေ့ရာက သဘောကြခဲ့တာ… အကျဉ်းချုံးရရင် သူနဲ့ ကျွန်မ ချစ်သူတွေ ဖြစ်သွားကြ တယ်လေ.. ကျွန်မ သူ့ကို တကယ်ချစ်ခဲ့တာပါ၊ သူ့ဘ၀နဲ့ ကျွန်မ ဘ၀ ယှဉ်ကြည့်ရင် ကျွန်မက အလုပ်လုပ်နေတဲ့ ၀င်ငွေကောင်း သူ တစ်ယောက် ၊ သူက မိဘဆီက ပိုက်ဆံယူနေရတဲ့ ကျောင်းသား၊ ချစ်သူ ချင်းချိန်းတွေ့ကြလို့ မုန့် စားရင်း   ထမင်းစားရင်းတောင် ကျွန်မ ထုတ်ရှင်းခဲ့ရတာပါ.. ချစ်သူမို့ ကျွန်မကျေနပ်စွာနဲ့ ပေးဆပ်ခဲ့ တယ်၊ သူ့လိုရာ မှန်သမျှ ဖြည့်စည်းပေးခဲ့တယ်၊ သူ့ရုပ်က အရမ်းချောတယ် ကျွန်မထက် (၅)နှစ်ငယ်တယ်၊ သူ့ကို စိတ်မချတော့ သူ့အနားမှာ အမြဲနေမိတော့ အလုပ်တောင်ပျက်ခဲ့ရတယ်၊ ဒီလိုနဲ့ ကျွန်မ တစ်နေ့မှာ သတင်း တစ်ခု ကြားလိုက်ရတယ်၊ သူက လက်ဖက်ရည်ဆိုင်မှာ သူ့သူငယ်ချင်းတွေကိုပြောတယ်တဲ့….

ဒီဆရာမကိုနည်းနည်းမှ မချစ်ဘူး၊ သူလိုက် ကပ်နေလို့ အဆင်ပြေလို့ တွဲနေတာ… တစ်နေ့ ထားခဲ့မယ်လို့ ဟားတိုက် ရယ်မောပြောခဲ့တယ်တဲ့၊ ပြောရက် လိုက်တာနော်….. သူအဲဒီလို အချိန်မှာ ကျွန်မနဲ့သူက ချစ်သူဘ၀တောင် မကတော့ပါဘူး.. သူကာမကိုရယူတော့ ကျွန်မက တကယ် ချစ်ခဲ့လို့ ပုံအပ်ခဲ့ တာလေ ၊ နောက်တော့ သူကျောင်းပိတ်လို့ ပြင်ဦးလွင် ပြန်သွားတယ်… ကျွန်မ အဲဒီချိန်မှာ ဆုံးဖြတ်ခဲ့တယ်… မိန်းကလေး ဆိုတာသူရင်းနှီးတဲ့ သူ့ချစ်သူနဲ့ သာ လက်ထပ်သင့်တယ်လေ… ဘ၀မှာ မိန်းမ တစ်ယောက် အတွက်အရှက်နဲ့ ဂုဏ်သိက္ခာ ဆိုတာအရေးကြီး ပါတယ်၊ အတူနေဖူး သူသာ သူ့ရဲ့ ခင်ပွန်းဖြစ်ရမှာပေါ့.. အဲဒါနဲ့ ကျွန်မလည်း.. ဘ၀အတွက် ဆုံးဖြတ်ချက် တစ်ခုချခဲ့တယ်၊ သူနဲ့ လက်တွဲနိုင်ဖို့ ဆုံးဖြတ်တော့ ကျွန် မ မိဘဘက်က သဘောမတူပဲ အမွေဖြတ်လိုက်တယ်၊ ဒါပေမယ့် ကျွန်မရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့သူရှိရာ ပြင်ဦးလွင်ကို အလုပ်ကထွက်ပြီး လိုက်သွားရတယ်….

အမျိုးသမီး အဆောင်မှာအလုပ်လုပ်ရင်း.. ဗိုက်ထဲက သူနဲ့ရတဲ့ ကိုယ်ဝန်ကို မွေးဖွားဖို့ သတ္တိမွေး ရတာပေါ့… သူက ကိုယ်ဝန်ကို ဖျက်ချခိုင်းပေမဲ့ ကျွန်မမလုပ်ခဲ့ပါဘူး၊ သူတို့ဘက်ကလည်း.. ဘာမှ တာဝန် မယူပေးတဲ့ အပြင် မွေးဖွားတဲ့ရက် အထိ ကျွန်မ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားခဲ့ရတယ်.. ကိုယ်ဝန် ရှိလာတော့ အမိ အရ သူ့ကိုလက်ထပ် စာချုပ်မှာ လက်မှတ်ထိုးမယ် ပြောပြီး မန္တလေး တရားလွှတ်တော်မှာ ရှေ့နေတွေ သက်သေ ထားပြီလက်ထပ်ခဲ့တယ်…

အဲဒီအထိ ကျွန်မကျေနပ်ပါတယ်ရှင်၊ မင်္ဂလာ ကန်တော့ပွဲတင် တောင်းခြင်း မခံလိုက်ရတဲ့ မိန်းမမို့ ကိုယ့် အပြစ် နဲ့ ကိုယ်လို့ ခံယူခဲ့တယ်… သူ့မှာမိန်းမ ရှိတယ်ဆိုတာ သူဖုံးကွယ်ခဲ့တယ်၊ တယ်လီပို့ဒ် တစ်ရုံးလုံး၊ သူ့ သူငယ်ချင်းတွေ အားလုံးမိန်းမနဲ့ ကလေးရှိမှန်း မသိကြပါဘူး..၊ ကိုယ့်ဝမ်း ကိုယ်စာ ရှာစားပြီးသားလေး ကို မွေးဖွားပြီး (၃)လအကြာမှာ သူ့ခြေလှမ်းတွေ ဖောက်ပြီး နောက်မိန်းမ ထားခဲ့တယ်…၊ ရုံးမှာ Chatting ထိုင်ရင်းတွေ့ကြတာတဲ့…၊ ဖုန်းကိုနေ့ရော ညပါ သန်းခေါင်ညနက် ထိပြောကြတယ်..၊

 နောက်မိန်းမက ရန်ကုန်သူပါ.. နာမည်က ………တဲ့ သူမရဲ့ဖုန်းက ………………………ပါ၊ ဟိုအရင်ရက် ကကောင်မလေးက ကျွန်မဆီ ဖုန်းဆက်ပြောပါတယ်… သူတို့လက်ထပ်တော့မယ်… အမ ကကွာပေးပါတဲ့…မကွာပေးလည်း. စာချုပ်ဆိုတာသူ့အလိုလိုပျက်ပြယ်မယ်တဲ့.. (၆)လ အတွင်းယူမယ်တဲ့ …ကျွန်မယောကျာ်းကမကောင်းတာလုပ်စားတဲ့ မိန်းမတွေနဲ့လည်း.. ပျော်ပါးခဲ့ဖူးတယ်.. ကျွန်မခွင့်လွှတ် ပါသေးတယ်….အခုတော့ သူက နောက်မိန်းမတရားဝင်ယူဖို့ သားနဲ့ ကျွန်မကိုစွန့်ပစ်လိုက်ပါတယ်… ကျွန်မအခု ကျောက်ဆည်မှာ ဆရာမဘ၀နဲ့ သားလေးကို ရိုးသားစွာ ရှာဖွေ ကျွေးမွေးနေပါတယ်…၊ ကလေး စရိတ်လည်း… သူက မပေးနိုင်ဘူးတဲ့ ၊ကျွန်မလည်း သားနဲ့မယားကို စွန့်သွားပြီးနောက်ထပ် မိန်းမယူမယ့် သူကို မလိုချင်တော့ပါဘူး၊ ဒါပေမယ့် သားရဲ့ တစ်ဦးတည်းသော အဖေဖြစ်နေလို့ ကွာမပေးနိုင်ပါဘူး…

သူနောက်ယူမယ့် မိန်းကလေးအတွက် ယောကျာ်းရှား နေလို့ပဲလား.. ကလေး တစ်ယောက်ဘ၀ ကိုမိသားစု နဲ့ ကွဲအောင် ထားရက်တဲ့ စိတ်ရှိနေလို့ပဲလား.. မတွေးတော့ပါဘူး.. ၊ သူတို့ကိုကောင်းချီးပေးပြီး.. ခွင့်လွှတ်နား လည်ပေးပါတယ်… ၊ ဟိုတစ်ရက်ကသားအရမ်းဖျားနေလို့ သူ့ဆီ အကြောင်းကြားပါတယ်၊ ညသန်းခေါင်အထိဖုန်းမအားလို့ မပြောရ ပါဘူး… ၊မနက်ကျလည်း ကျွန်မဖုန်းကို သူမကိုင်ပါဘူး… ဒီလောက် ရက်စက်ပြီး တိရိစ္ဆာန်လောက် စိတ်ဓာတ်မရှိ၊ သားမယားကို လုပ်မကျွေးချင်တဲ့ သူကို ကျွန်မစွန့်လွှတ်ပါတယ်….၊

ရုပ်က အရမ်းချောပြီး ရတနာပုံ တယ်လီပို့ဒ်မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်း တစ်ယောက်အကြောင်းနဲ့ မိ သား စု တစ်ခုကို ဖြိုခွဲရဲတဲ့ မိန်းမ တစ်ယောက် အကြောင်း သိစေချင်ပါတယ်…။မိန်းကလေးတွေ ဘ၀မှာ အ ချစ် ကို မယုံတတ်စေဖို့ ဘ၀ရဲ့ ခြေတစ်လှမ်းအမှားပါ အားလုံး ရင်းနှီး ပေးဆပ်ရမယ် ဆိုတာ သတိပေး ချင်ပါတယ်…၊ ကျွန်မလို မဖြစ်ကြပါစေနဲ့၊ ကျွန်မ ကိုယ်တိုင် ကျောင်းသားလေး ဘ၀ ကတည်းက ချစ်လွန်းလို့ ပံ့ပိုးပြီးချစ်ခဲ့ရတဲ့ ယောကျာ်း တစ်ယောက် က အခု အင်ဂျင်နီယာ လည်းဖြစ်သွားရော အားလုံးကို မေ့ပြီး ဘ၀သစ် ထူထောင်နိုင်ပါစေ…. ဆုတောင်းပေး ပါတယ်..။

စာဖတ်သူတိုင်း ရင်ဘတ်ထဲက ခံစားရတဲ့ ခံစားချက် လေးတွေကို မျှဝေပေးပါနော်.. ဒီဖြစ်ရပ်မှန်လေးကို လ က် ဆင့်ကမ်းပေးပါ ...


မှတ်ချက်..
ဖုန်းနံပါတ်များကိုမဖော်ပြခြင်းမှလွဲ၍  နာမည် နေရပ်လိပ်စာများနှင့် ကျန်အကြောင်းရာ များသည့်  ဖြစ် ရပ် မှန်များဖြင့်ပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်