Pages

Tuesday, January 22, 2013

KIA ကို အပြီးသတ် ချေမှုန်းလိုက်ခြင်း သည်သာ မလွဲမသွေ ၁၀၀% အမှန် ဖြစ်သည်


အခုစစ်တပ်က ကေအိုင်အေ ကို တိုက်ခိုက်တာ ရပ်လိုက်ပြီဆိုတာ ဘာလဲတော့မသိပါဘူး။ သမ္မတကြီးက လိုင်ဇာကို မသိမ်းပါဘူးတဲ့။ ဘာကြောင့်အဲလိုဆုံးဖြတ်လဲဆိုတာ သိပ်နားမလည်ဘူး။ အကြောင်းပြချက်ကို ကျနော်ပဲ မဖတ်မိလို့လား။ ကျနော့် ပုဂ္ဂိုလ်ရေး အမြင်သတ်သတ်ဆိုရင် စစ်တပ်က တခါပဲ အမုန်းခံပြီး တိုက်စေချင် တာပဲ။ သူတို့အလုပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တွေကို ကာကွယ်ဖို့ မဟုတ်လား။ ကေ အိုင်အေ က သူတို့ပြောတဲ့ ကချင်ပြည်နယ် တိုးတက်ရေး၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရရေး ရှေးရှုပြီးလုပ်နေ တယ်သာပြောတယ်။ တကယ်က ရထားမိုင်းခွဲလိုက်၊ ဟိုဗုံးထောင်လိုက်၊ ဒီဘက်ပစ် လိုက် လုပ်နေ တာပဲလို့ မြင်မိတာပဲ။ သူတို့ချုပ်ကိုင်ခဲ့တဲ့ သက်တမ်းတလျှောက် မှတ်တမ်းတင်စရာ ထူးထူးခြားခြား ပြည်နယ် တိုးတက်မှု မတွေ့ရပါဘူး။ 
 
ကချင်ပြည်နယ် က သစ်လုံးတွေနဲ့ မုန့်လုံး(ကျောက်စိမ်း) တွေပဲ တရုတ်ပြည်ထဲရောက်သွားတာပဲ။ ကျနော် အလုပ်နဲ့ နေခဲဘူးတဲ့ ဖားကန့်၊ မိုင်းမော်၊ မဘိမ်း၊ မန်တုံ ၊ တာမိုးညဲ အဲဒီ မြို့နယ်တွေမှာ သစ် နဲ့ မုန့်လုံး အကြီး အကျယ် မှောင်ခိုလုပ်နေတဲ့ ဘိုချမ်း ဆိုတဲ့ တရုတ်သူဌေး ၁ ကောင်ရှိတယ်။ မိုင်းမော် နဲ့ အင်းတော် ဖြတ်တဲ့      လမ်းမှာ ကေအိုင်အေ ဌာနခွဲရှိတယ်။ အဲဒီ တရုတ်သူဌေး ကေအိုင်အေ ကို ဆက်ကြေး(အ ခွန်)    တခါတခါ လာပေး ရင် ပေ ၂ဝ ကွန်တင်နာ နဲ့ တလုံး။ အရင်တုန်းက ပစ္စည်းတွေပဲ ထင်တာ။ ပြီးခဲ့တဲ့အခေါက် စစ်တပ် က ထိုးစစ်လုပ်နေတော့ လမ်းပိတ်နေတာနဲ့ အဲဒီ ကွန်တင်နာ လမ်းမှာ လာချတာ။ ကျနော်တို့ ရှေ့မှာ တင် ကေအိုင်ကေ က ကွန်တင်နာ ကို ဖွင့်ပြီးစစ်တာ။ 
 
ကျနော်ကတော့ ခပ်လှမ်းလှမ်းကနေ ကုတ်ချောင်းချောင်း နဲ့ နေရတာပေါ့။ အဲဒါမှ အထဲမှာ ပိုက်ဆံတွေ။ တထောင်တန် အုပ်ကြီးပဲ။ ကေအိုင်အေ က ပိုက်ဆံဘယ်လို ရေတွက်လည်းဆိုတော့ ဝန်ချီစက် ကော် (ရှေ့က အတံ ၂ ချောင်း )       နဲ့ တကန့် ကို ကော် နဲ့ ကားပေါ်ကနေ အောက်ကိုချ။ ငတိ ၁ ကောင် ကေ ပကြိုးနဲ့      အလျားတိုင်းတယ်။ အမြင့်တိုင်းတယ်။ ကန့်လန့်ဖြတ် တိုင်းတယ်။ အဲဒါပဲ။ ပြီးရင်နောက် တ ကန့်  ။ ပို က်ဆံ ကို အဲလို ရေတွက်တာ။ အံ့သြစရာ။ တသက် နဲ့ တကိုယ် တခါမှ မမြင်ဘူး ဘူး။ အဲလော က် ဝ င်ငွေေ တွရှိတဲ့နေရာ ဒီကောင်တွေကလည်း အစိုးရ ကို ဘယ်ပေးချင်မတုန်း။ တကယ်ဆိုရင် ကျနော့် အမြ င်ေ ပါ့လေ။ စစ်တပ် က လုပ်စရာရှိတာ အဆုံးထိလုပ်စေချင်တာပဲ။ ဒူး အော် ဒိုင်း ပဲ။ တရုတ်တွေ ကချင်ကို ပေါင်းပြီး ရှိသမျှ အကုန်ထုတ်နေတာ။ ဒါက ကျနော့် မျက်မြင်ပဲ။ 
 
ဟိုတခါ မြစ်ဆုံ ဘမ်းပြပြီး ထုတ်သွားတာ ကျွန်းတွေ အမြစ်ကနေကို တူးသွားတာ။ ဖြတ်စက်နဲ့ မဖြတ်တော့ဘူး။ နမ့်ခမ်းမြို့ တဖက်ကမ်း ရွှေလီ မြစ် ကျော်ပြီး ရွှေလီမြို့ရောက်သွားရင် သစ်အချော ထည်ကြီးပဲ လုပ်နေတဲ့ စက်ရုံတွေ။ တသီချည်းပဲ။ မြန်မာဘက်က ရှမ်းတွေ ပလောင်တွေ တောင်ယာ အ လုပ်ပြီး သွား ရင် မိသားစုလိုက် ရွှေလီဘက် သွားပြီး အဲဒီ သစ်အချောထည် စက်ရုံတွေမှာ အပိုဝင်ငွေ ရအောင် သွားလုပ်ကြတာ။ ရင်နာစရာ။ ကိုယ့်ပြည်တွင်းကထွက်တဲ့ သစ်နဲ့ ကိုယ့်ပြည်တွင်းက လုပ်အားနဲ့ တဖက်နိုင်ငံ မှာ... သမ္မတကြီး ဒီတခါ ထိုးစစ်ရပ်လိုက်တာ သိပ်ဘဝင်မကျဘူး။ 
 
တခြားနိုင်ငံရေး ကိစ္စတွေလည်းရှိမှာပဲလေ။ နိုင်ငံရေးဆိုတာလဲ အကောက်အကွေ့များပေတာပဲ။ သူတို့ဘက် က ပြည်သူတွေကို ကိစ္စအားလုံးချပြနေလို့လဲ မဖြစ်ချေဘူးမဟုတ်လား.... ၂ဝ၁၃ လည်းရောက် လာပြီ ဘပြောင်ရေ... ဘပြောင်မွေးထုတ်မဲ့ ကလင်း ဂွတ် အစိုးရ စနစ် ကြီး သန္ဓတည်တုန်း ရှိသေး.. ဘေးက တရုတ် ဆေးထိုးပြီး ဖျက်ချလိုက်မှဖြင့်..... ကျနော်လည်းနည်း နည်းဆွေးနွေးပါရေ စလား။ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့သာ ပြည်တွင်းစစ်အဆုံးသတ် နိုင်မယ်လို့ ကျနော်လည်းယုံကြည် မိပါတယ်။ ကျနော်နိုင်ငံရေးကိစ္စတွေနားတော့မလည်ပါဘူး။ တွေ့ဆုံဆွေးနွေးနေတာလည်း အကြိမ်ေ ရတော်ေ တာ် များပြီလို့ကျနော်ထင်ပါတယ်။ 
 
တကယ်လို့ ငြိမ်းချမ်းရေးယူနိုင်မယ်ဆိုရင်တောင် သူတို့လက်နက်ချပမလား။ အရင်လို ဆက်ကြေးကောက် အနိုင်ကျင့် အုံးမှာပဲလေ။ ကျနော် ကေအိုင်အေ ၁ဝဝ% ထိန်းချုပ်နယ်မြေတွေမှာ တာဝန်နဲ့နေခဲ့ ဖူးကြောင်း ပြောပရေစေ။ စစ်တပ်နဲ့ စစ်မဖြစ်ခင်ကတည်းက ဆိုပါတော့။ စစ်မဖြစ်တော့ ငြိမ်းချမ်း တယ် သဘောေ ပါ့။ သူတို့ရဲ့ လိုင်ဇာ နဲ့ တရုတ် နယ်စပ်နားမှာ ဗိုလ်သင်တန်းကျောင်း ၁ ခုရှိတယ်။ ဒေသ ခံတွေ ထဲက သား ၂ ယောက်မွေးရင် ၁ ယောက် က ကေအိုင်ေ အထဲဝင် ရတယ်။ ဒေသခံတွေဆီက ဆက်ကြေးေ တာင်းတယ်။ အခြန္သေ ဘာေ ပါ့။ ဒေသအတွက်တော့ ဘာမှမလုပ်ပေးပါဘူး။ 
 
ဖားကန့် မိုးကောင်းလမ်းဆိုရင် အခုထိ မြေလမ်းပဲ။ မိုးတွင်းဆို ကားကို ဆင်နဲ့ဆွဲရတာ။ ကျနော့် အတွေ့အကြုံတခုထပ်ပြောပြမယ်။ မန်တုံ မဘိမ်း လမ်းမှာ သူတို့အခွန်ကောက်တဲ့ လမ်းရှိတယ်။ ကျနော် သွားတယ်။ ကျနော့် ဂျစ်ကားလေးကို တားတယ်။ ဒါက အခွန်ကောက်တဲ့နေရာမဟုတ်ဘူးနော်။ သွားရင်း လာရင်း ကျနော့်ကားတွေ့လို့တောင်းတာ။ ရုတ်တရတ်ကြီးထွက်လာပြီးတော့ လှမ်းတားတယ်။ ကျနော့်ကား က ဘရိတ်မကောင်းလို့ တော့ပြီးအုပ်ရတော့ သူလက်တားတဲ့နေရာ နဲနဲလွန်သွားတယ်။ ၁ဝဝဝဝ တောင်း တယ်။ ပေးလိုက်တယ်။ ဒီတိုင်းမယူဘူး။ သေနတ်နဲ့ထိုးချိန်ပြီး အနောက်ကို ၁ ဖာလုံလောက် နောက် ဆုတ်ခိုင်းတယ်။ ပြီးတော့ သူလက်နဲ့တားတဲ့ နေရာကွက်တိ ရပ်ပါတဲ့။ 
 
အဲလိုပါဗျာ။ အဲဒါစစ်မဖြစ်ခင်ကနော်။ ကချင်က နယ်ခံတွေလည်းဒီလိုပါပဲ။ ကေအိုင်အေ ကို မုန်းနေကြတာ။ ခုစစ်ဖြစ်တယ်။ ရွာထဲက တွေ့သမျှ လူတွေဆွဲခွေားတာပဲ။ စစ်မဖြစ်လဲ သူတို့ ကျောက်ထုတ်လို့ သစ်ထုတ် လို့ လူခေါ်ရင်ဆွဲတာပဲ။ အခု ငြိမ်းချမ်းရေး ယူလိုက်ပါပြီ။ လက်နက်တော့ချမှာမဟုတ်ဘူး။ အဲဒီ အချိန် ငြိမ်ချမ်းရေးယူထားတဲ့ လိုင်ဇာမြို့က တောင်တန်းတခွင် မြန်မာပြည်အလှ လာရောက်လေ့လာဖို့ ကျနော် ဖိတ်ပရစေ။ 

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်