Pages

Tuesday, January 22, 2013

စစ်ပွဲတစ်ခု အတွင်း မည်သည့် သတင်းမျိုးကို လိုချင်ပါသလဲ


 
စစ်ပွဲသတင်း တစ်ခုနှင့် ပတ်သက်လာလျှင် တပ်ဖွဲ့အင်အား၊ နယ်မြေအခြေအနေ၊ တပ်ဖွဲ့လှုပ်ရှားမှု၊ တိုက် ပွဲ များ အခြေအနေ၊ တိုက်ပွဲအကျအဆုံးနှင့် တိုက်ပွဲကြောင့် အကျိုးသက်ရောက်မှုများ ဆိုသည့် အရာ အားလုံး သည် စစ်ပွဲနှင့် သက်ဆိုင်သော သတင်းများပင် ဖြစ်သည်။ ယနေ့ ကချင်ဒေသ အတွင်း ဖြစ်ပွား သည့် တိုက်ပွဲများ တွင်တော့ မြန်မာ့တပ်မတော်မှ တိုက်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသော မြေပြင် သတင်းများ ကိုတော့ ပေးသင့်သည် ဟုဆိုကာ ကေအိုင်အေကဲ့သို့ အစိုးရကို လက်နက်ကိုင် ဆန့်ကျင် သူများထံမှ သ တင်း များကို စာမျက်နှာထက် တင်ခဲ့ကြသည်။
 
 
အပေါ်ဓာတ်ပုံအား ကင်မရာ သမားများ ဖယ်လိုက်ပါက သနားစဖွယ် ကျောင်းစိမ်း ၀တ်ထားသော ကျောင်း သူ၊ လက်နက်ကြီးကြောင့် အပြစ်မဲ့ သေသည့် ဒေသခံများ ဖြစ်လာမည်။ သို့သော် ထိုလက်နက်ကြီး ပစ်ခတ် မှု ဘယ်ကနေ ပစ်သည် ဆိုသည်ကိုတော့ မည်သူမျှ အတိအကျ မပြောနိုင်။ ဘယ်စခန်းက ပစ်သလဲ။ ဘယ်လို ကျသလဲ မည်သူမျှ မပြောနိုင်ကြ။ 
 
 
အောက်မှ လူများသည် ကေအိုင်အေ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးသူများသာ ဖြစ်သည်။ သို့သော် မီဒီယာ မသိ၊ မီဒီယာမရှိ။
စစ်ပွဲတစ်ခုတွင် စစ်ပွဲနှင့်သက်ဆိုင်သော အခြေအနေသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ တိုက်ပွဲ တစ်ခုအား ဘယ်အချိန်တွင် စတင်၍ ဘယ်အချိန်တွင် ပြီးဆုံးမည်ဆိုသည်မှာ တိကျသည့် သတ်မှတ် ချက် မရှိ။ ယခု ၁၀၀၀ တွင် တောင်ကုန်းတစ်ခု သိမ်းပိုက်သော်လည်း ၁၁၀၀ ချိန်တွင် အဆိုပါ တောင်ကုန်း ပြန် လည် အသိမ်းပိုက်ခံရပြီးဖြစ်နိုင်သည်။ စိတ်ဓာတ် တက်ကြွစေရန် ဖြစ်စေ၊ ၀ါဒဖြန့်ရန် ဖြစ်စေ တိုက်ပွဲ သ တင်း ၊ အကျအဆုံးနှင့် ပတ်သက်၍ မည်သူမှ အမှန်ပြောကြမည် မဟုတ်။ ကျွန်တော် တို့ လက်နက်ကြီး ပစ်လိုက်တာ မှားပြီး ရွာထဲကျသွားတယ်။ စိတ်မကောင်းပါဘူး ဟု မည်သူမျှ ပြောမည် မဟုတ်။ တစ်ဖက် ဖက်က ပစ်သည်ဟုသာ ပြောမည် ဖြစ်သည်။ အတိအကျ မသိနိုင်သည့် မည်သည့် မြေပြင်သတင်းကို သိလို ပါသနည်း။
 
 
 
အခြား တစ်ဖက် ကျဆုံးမှုများကို ဖော်ပြ၍ မိမိတို့ကျဆုံးမှုကို ဖုံးကွယ်မည် သာဖြစ်သည်

ကမ္ဘာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ ကမ္ဘာ့နိုင်ငံ အတော်များများ စစ်ပွဲများတွင် ပါဝင်ကြသည်။ ကိုယ့်ပြည် တွင်း စစ်ဖြစ်စေ၊ ပြည်ပစစ်မြေပြင်တွင် ဖြစ်စေ စစ်ပွဲများနှင့် ပတ်သက်၍ စစ်ပွဲသတင်းများကို မီဒီ ယာ များမှ တစ်ဆင့် သိရှိကြသည်။ သို့သော် အစိုးရမှ ထုတ်ပြန်နေခြင်း မဟုတ်။ ပါဝင်ဆင်နွှဲနေသည့် တပ်မတော် များမှ ထုတ်ပြန်ခြင်း မဟုတ်။ စစ်အတွင်း သွားရောက်၍ သတင်းယူကြသည်။ အခန့်မသင့် သည့် အခါ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်လည်း ရှိသည်။ ငွေကြေးများ၊ တောင်းဆိုချက်များဖြင့် ကမ်း လှမ်းသည်များလည်း ရှိသည်။ သို့သော် ထိုစစ်ပွဲ သတင်းထောက်များသည်ကား မိမိနိုင်ငံနှင့် မိမိ အစိုးရ၊ မိမိ တပ်မတော်ကို အပုပ်ချရန်၊ မိမိတို့ ပြည်ထောင်စု ပြိုကွဲရန် ၊ သူပုန်အားပေးလုပ်ရန်အတွက် သတင်း မရေးခဲ့ကြ။ ဘက်မလိုက်ခဲ့ကြပါ။
 
 
တိုက်ပွဲအတွင်း ထိုသတင်းဖြန့်ချီမှုများသည် အမှန်ဖြစ်နိုင်ပါမည်လား
ကချင်ဒေသ စစ်ပွဲ အနေအထားအရ ကျွန်တော်တို့ တပ်တွေ ဘယ်လောက် အင်အားဖြည့် ထားပါတယ်။ ကျွန်တော် တို့ ဘယ်နေရာတွေမှာ စခန်းချထားပါတယ်။ ကျွန်တော်တို့ တပ်တွေ ဘယ်နေရာ တွေမှာ လှုပ် ရှား ပါ တယ်။ ဒီနေ့တော့ ဘယ်မှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လောက် ကျဆုံးပါတယ် ဆိုေ သာ သတင်း များကို ရယူချင်တာလားဟု စစ်ပွဲသတင်း သိလိုသူများကို မေးမြန်းလိုပါတယ်။ ထိုအတွက် အဖြေ က လည်း မဖြစ်နိုင်ပါဟုသာ ဖြေရမည် ဖြစ်သည်။ ရန်သူနှင့် နေ့စဉ် ပစ်ခတ်နေသော အနေအ ထား တွင် ထိုသတင်း များကို ဖော်ပြနေပါက ကိုယ့်သေတွင်း ကိုယ်တူးသည်ထက် မထူးခြားတော့ပါ။
လက်နက်ကိုင်တပ်ဖွဲ့များ၏ စည်းကမ်းအရ ထိုသို့သော စစ်သတင်းများ ပေါက်ကြားမှုသည် ထောင် အနှစ် ၂၀ သို့ မဟုတ် သေဒဏ်ပင် ထိုက်သင့်သော ပြစ်မှု ဖြစ်နိုင်ပါသည်။ လက်ရှိ နိုင်ငံတော် အစိုးရသည် ဖွဲ့စ ည်း ပုံ အခြေခံဥပဒေအရ ပြည်သူလူထုမှ မဲပေးရွေးချယ်သူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တပ်မတော် သည် လည်း သမိုင်းအဆက်ဆက် နိုင်ငံအတွက် တာဝန်ယူခဲ့ပြီး အခြေခံဥပဒေတွင် အခန်းကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်သည်။ ထိုသို့ တရားဝင် တည်ရှိနေသော အစိုးရနှင့် တပ်မတော်ကို ပုတ်ခတ်၍ တိုင်းရင်း သား စည်းလုံး ညီညွတ်မှုကို ပျက်ပြားစေသော စကားလုံးများအား စာမျက်နှာတင်ခြင်းသည် စစ်ပွဲ သတင်း များ ဖြစ်ပါသလား တွေးစေလိုပါသည်။
နိုင်ငံတော်မှ တာဝန်ရှိသူများ၊ တရားဝင် မီဒီယာများမှ တစ်ဆင့် သိသင့်သည်များကို ပုံမှန် ထုတ်ပြန် ပေး လျှက် ရှိသည်။ နေ့စဉ်နဲ့ အမျှ လူသစ်စု မိုင်းခွဲမှုများ ရှိနေသည်။ ထိုအပြုအမူများ ဘာကြောင့် လုပ်သလဲ။ လုပ်သလား မလုပ်သလား ဆိုသည့် မေးခွန်းများကို အရင်မေးကြည့်ပါ။ စစ်ပွဲနှင့် သက်ဆိုင် သည့် သတင်းများသည် မည်သည့်အခါမှ အတိအကျ မရှိ။ သို့သော် အကြမ်းဖက် လုပ်ရပ်များအတွက် သက်သေ များ အပြည့်အ၀ ရှိသည်ကို နားလည် သင့်ပေသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်