Pages

Tuesday, January 22, 2013

မိမိကိုယ်ကိုခုခံကာကွယ်ခြင်းဆိုတဲ့ စကားလုံး




ယခုတလော မကြာခဏကြားနေရတဲ့ မိမိကိုယ်ကိုခုခံကာကွယ်ခြင်းဆိုတဲ့ စကားလုံးနဲ့ပတ်သက် လို့ ပြော ချင် ပါတယ်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ကို မိ မိ ကိုယ် ကို ခုခံကာကွယ်ခြင်း ကလွဲလို့ ထိုးစစ်မဆင်ရလို့ ညွှန်ကြားခဲ့ပါတယ်။ တပ်မတော်ဘက် က လည်း သမ္မ တ စကား အတိုင်း မိမိကိုယ်ကို ခုခံ ကာကွယ်ခြင်း ကလွဲလို့ ထိုးစစ်ဆင်ခြင်းမရှိပါ လို့ အ မြဲပြော ပါ တယ်။

KIO ဘက်က လည်း အစိုးရတပ်တွေကပဲ ထိုးစစ်အပြင်းအထန်ဆင်နွှဲနေတယ်လို့ ပြောနေပါတယ်။ မိမိ ကိုယ် ကို ခုခံကာကွယ်ခြင်း ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ၊ တိုကျို University တွင် ပါမော က္ခ အဖြစ် တာဝန် ထမ်းဆောင်နေပြီး စစ်ဘက်နည်းပညာဆိုင်ရာ စာအုပ်များရေးသားခဲ့ပြီး မြန် မာစ စ် တပ်နှင့် ပတ် သက် ၍ ဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့သူ ဒေါက်တာ မျိုးမင်းမှ အောက်ပါ အ တိုင်းပြော ဆိုခဲ့ ပါ တယ်။

မိမိကိုယ်ကိုခုခံကာကွယ်ခြင်းဆိုတဲ့စကားဟာ အရမ်းကျယ်ပြန့်ပါတယ်။ ခုခံကာကွယ်တယ်ဆိုတာ ရန်သူက စစ် ရေး အရလာတိုက်မှ ကာကွယ်တာတစ်ခုတည်းမဟုတ်ပါဘူး။ ရန်သူက မိမိကို လာရောက် မတိုက်ခိုက် ရင် လည်း ကြိုတင် ကာကွယ်ရပါတယ်။ ဥပမာ မိမိတပ်က တောင်ကုန်းတစ်ခုမှာ ခံစစ်ဆင်ထားတယ်။ အခြား အဲဒီ တောင်ကုန်းထက်မြင့်တဲ့ တောင်ကုန်းမှာ ရန်သူတပ်ကရှိနေတယ်။ အဲဒီရန်သူက မိမိတပ်ကို လက်နက်ကြီး တွေနဲ့ ပစ်တယ်။ မိမိတပ်ပတ်ဝန်းကျင်မှာ မိုင်းထောင်တယ်။ မိမိတပ်ကိုလာတဲ့ ထောက် ပံ့ရေး အဖွဲ့တွေကို ကြားဖြတ် တိုက်ခိုက်နေတယ်ဆိုရင် ကိုယ်နေရာ ကနေထိုင်ပြီးကိုယ်ကိုကာကွယ်နေ လို့မ ရတော့ပါဘူး။

ရန်သူက မိမိ စခန်းကို လက်နက်ကြီးတွေနဲ့ မပစ်နိုင်အောင်၊ မိမိစခန်းတ၀ိုက် မိုင်းမထောင်နိုင်အောင် ၊ မိမိ တပ်ဖွဲ့ ၀င် တွေကို ခြုံခိုမတိုက်နိုင်အောင် ခုနက ရန်သူရှိတဲ့တောင်ကုန်းအပါအ၀င် ပတ်ဝန်းကျင်မှာရှိတဲ့ စစ်ဗျူ ဟာ အရေးကြီး မြေတွေကိုပါ သိမ်းပိုက်ထားဖို့ လိုပါလိမ့်မယ်။ အဲဒီလို တိုက်ခိုက်သိမ်းပိုက်တာဟာ ထိုးစစ် ဆင်ခြင်း မဟုတ် ပါဘူး။ မိမိကိုယ်ကို မိမိခုခံ ကာကွယ်ခြင်းပါပဲ။အကောင်းဆုံးခုခံစစ်ဟာ ထိုးစစ်ဖြစ် တယ်လို့ နိုင်ငံတကာ က စစ်ပညာရှင်တွေ ကလက်ခံထား ကြပါတယ်။

အခု လဂျားယန်မှာ ကေအိုင်အေတပ်တွေ ၀ိုင်းထားတဲ့ မြန်မာ စစ်တပ် ကို ရိက္ခာပို့နိုင်ဖို့အတွက် KIA စခန်း ကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာဟာလည်း မြန်မာစစ်တပ် မိမိကိုယ်ကို ခုခံကာကွယ်ခြင်း သီအိုရီကို ကျင့်သုံး နေခြင်း ဘဲဖြစ်ပါတယ်။ အဲ့ဒီတော့ မြန်မာစစ်တပ်ကပြောတဲ့စကားလဲမှန်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်