Pages

Monday, March 4, 2013

မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာ၊ အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ဝါဒဖြန့်ချိရေးသမားများကို Facebook တွင် အများအပြားမြင်တွေ့လာရ

 
အော် ... ကျွန်တော်ပါ ပါလာပါလား ... ကျွန်တော် က ဘာများ  ၀ါဒဖြန့်ချိနေလို့လဲ ... ကျွန်တော့် ဘလော့ ကျွန်တော့် page မှာ ဘာတွေလုပ်နေလို့လဲ ..... ကျွန်တော် လုပ်နေတဲ့ဘ အလုပ်ဟာ ပြည်သူ ကို အမှန် ချပြဖို့ လုပ်နေတာပါ ....  ကျွန်တော် လုပ်နေ တာ အမြီး လှန်ချိုး နေသလို ဖြစ်နေပြီ ထင်တယ် ....
============

မြန်မာနိုင်ငံတွင် Facebook သည် ၀ါဒဖြန့်ချိရေး၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး အာဏာရှင်စန စ်ကို ပြန် လည်အသက် သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများအား Facebook လူမှုကွန်ရက် စာမျက်နှာတွင် အများ အပြား မြင်တွေ့လာရကြောင်း သိရှိရသည်။ ထိုကဲ့သို့ ၀ါဒဖြန့်ချိသူများအနက် Opposit-eyesပလေတိုဒီမို We Love TrueJing Hpaw LandNay MinKo John နှင့် Golden Land Myanmar အစရှိသူ တို့ မှာ အာဏာရှင် စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ထင်ရှားသည့် ၀ါဒဖြန့်ချိရေး သမားများ အဖြစ်  မြင်တွေ့နေရကြောင်း သိရသည်။ 

အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများသည် အများပြည်သူ အလွယ် တကူ မသိရှိနိုင်သော တပ်မတော်ဆိုင်ရာ သတင်းအချက်အလက်များ ကို ရေးသားနေကြ သူများ ဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ဝေဖန်မှု များအတွက် နိုင်ငံတော် သမ္မတနှင့် အစိုးရဘက်မှ ကာကွယ်ရေးသားပြီး ပြည်သူ၊ လွှတ်တော်၊ မီဒီယာနှင့် နိုင်ငံရေး အင်အားစုများကို အပုပ်ချတိုက်ခိုက်ခြင်းဖြင့် နှပ်ကြောင်းပေး ၀ါဒဖြန့်ချိမှုများ ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။
အာရပ်နွေဦး၌ Facebook၊ Twitter အစရှိသော လူမှုကွန်ရက် ၀က်ဘ်ဆိုက်များကို အသုံးပြုကာ လူထုတော်လှန်ရေး တစ်ရပ်အား အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ခြင်းကို အာဏာရှင်စနစ် လိုလားသူများက သင်ခန်းစာ ယူ၍ Facebook Account များစွာ ဖန်တီးပြီး လူမှုကွန်ရက် စာမျက်နှာများ ၌ ဖြန့်ကျက်နေ ရာယူကာ နှပ်ကြောင်းပေးဝါဒ ဖြန့်ချိမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် အဆိုပါ ၀ါဒဖြန့်ချိမှုများ ကို ပြည် သူလူထု၏ အသံအဖြစ် ထင်ယောင်ထင်မှား ရှိစေရန် ဖန်တီးလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိအချိန်တွင် Facebook သုံးစွဲသူ မြန်မာအရေအတွက် စုစုပေါင်း၏ ထက်ဝက်ခန့်မှာ အမည်ရင်း မဖော်ပြဘဲ ပုံရိပ်ယောင်များဖြင့် အသုံးပြုနေကြသူများဖြစ်ကာ ထိုသူများအနက် အများစုသည် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူများ ဖြစ်နေကြောင်း သိရှိရသည်။ ထိုသူများ၏ credibility (အများယုံကြည် လက်ခံနိုင်စွမ်း) မရှိသော အရေးအသားများကြောင့် Facebook လူမှုကွန်ရက် အပေါ် မြန်မာ အင်တာနက် သုံးစွဲသူများ၏ ယုံကြည်မှုမှာလည်း လုံးဝကျဆင်းလျက် ရှိနေသည်ဟု သိရသည်။ 


သို့သော် နိုင်ငံရေး အတွေ့အကြုံမရှိဘဲ နိုင်ငံရေးမျိုးဆက် ဖြတ်ခံထားရသူ လူငယ်များအတွက်မူ အဆိုပါနှ ပ်ကြောင်းပေး  ၀ါဒဖြန့်ချိမှုများက အမှန်တရားနှင့် ဝေးကွာစေရန် တွန်းပို့လျက်ရှိနေသည့်အတွက် နိုင်ငံရေး မျိုး ဆက်ဖြတ်ခံထားရသူ လူငယ်များ ၀ါဒမှိုင်းမမိစေရန် သတိပေးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က Oppositeyes ၏ Facebook စာမျက်နှာတွင် "အာဏာရှင်စနစ် မရှိမဖြစ် လိုအပ်နေသော တိုင်းပြည်" ဟူသည့် ရေးသားချက်တစ်ခုကို ၀ါဒဖြန့်ချိရေး တစ်ခုအနေဖြင့် နှပ်ကြောင်းပေး ဖြန့်ချိခဲ့ပါသည်။ 


Oppositeyes ၏ ရေးသားမှုများသည် အာဏာရှင်စနစ်ကို တစ်ကျော့ပြန်လည် ရောက်ရှိစေ ရန် နှပ်ကြောင်းပေး ရေးသားခဲ့သည့် အရေးအသားတစ်ခုဖြစ်နေပြီး ပြည်သူများသာမက မီဒီယာ၊ လွှတ်တော် အစရှိသော နယ်ပယ်များတွင် ရှိနေသူများသည် တပ်မတော်နှင့် အစိုးရကို အပြစ်ပြောပြီး မတည်ငြိမ်မှုများ ဖန်တီးနေသည်ဟု စွပ်စွဲခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် မရှိမဖြစ် လိုအပ်နေပြီဖြစ်ကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။ 


Oppositeyes အပါအ၀င် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းလိုသူ ပလေတိုဒီမို၊ We Love True၊ Jing Hpaw Land၊ Nay Min၊ Ko John၊ Golden Land Myanmar အစရှိသဖြင့် ၀ါဒဖြန့်ချိရေး ရေးသားသူ အများစုသည် အာဏာရှင်စနစ် တစ်ကျော့ပြန်ရောက်ရှိစေရန် နှပ်ကြောင်းပေးမှုများ ရှိသည့်နည်းတူ ရိုဟင် ဂျာအရေး ကို အကြောင်းပြုပြီး မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန်ကိုပါ လှုံ့ဆော်နေကြောင်း သိရသည်။

ရိုဟင်ဂျာအရေး ရေးသားထုတ်ဖော်နေကြသူများမှာ ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း   ပြောဆိုရေးသားမှုများသာ ရှိခဲ့ပြီး ထိုသို့ပြောဆို ရေးသားခဲ့ခြင်းကို အာဏာ ရှင်စနစ် ကို ပြန်လည်အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေးသမားများက အခွင့်ကောင်းယူ၍ မွတ်စလင်ဆန့်ကျင်ရေး အသွင်သို့ ရောက်ရှိပြီး မငြိမ်မသက်မှုများ ဖြစ်ပေါ်စေရန် ဖန်တီးနေကြခြင်း ဖြစ်ပါသည်။
အထူးသဖြင့် ရခိုင်ပဋိပက္ခဖြစ် ပွားခဲ့ပြီးနောက်ပိုင်း အာဏာရှင်စနစ်ကို လိုလားသော ၀ါဒဖြန့်ချိသူများသည် အမျိုးသားရေးဟုဆိုကာ မွတ်စလင်ဆန့်ကျင်ရေးနှင့် ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် အရှိန်မြှင့် လုပ်ဆောင်လာသည်ကို Facebook စာမျက်နှာများတွင် အများအပြား တွေ့မြင်လာရပါသည်။ အနီးစပ်ဆုံး သာဓကအနေဖြင့် သာကေတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ကိစ္စတစ်ခုကို အကြောင်းပြုပြီး မွတ်စလင် ဆန့်ကျင်ရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပေါ်စေရန် ၎င်းတို့က နှပ်ကြောင်းပေး လုပ်ဆောင် မှုများ   ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ 


"အမျိုးသားရေး ၀ါဒမှိုင်းတိုက်ပြီး မွတ်စလင်မုန်းတီးရေး ဖန်တီး၊ အဓိကရုဏ်းတွေ၊ ဆူပူမှုတွေဖြစ်အောင်   သွေးထိုးနေတယ်။ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ဖြစ်အောင် လုပ်နေတယ်။ အမျိုးသားရေးဆိုပြီး လူမျိုးရေးနဲ့ ဘာသာရေး လှုံ့ဆော်မှုတွေ ပဋိပက္ခတွေဖြစ်အောင် ဖန်တီးနေတယ်။ ဒါက သာကေတကိစ္စ မပေါ်ခင်ကတည်းကပါ။ ဒါကြောင့် သံဃာတော်တွေ၊ လူထုတွေအနေနဲ့ ဒီလှုံ့ဆော်မှုတွေအောက် မှာ မျောပါမ သွားဖို့ လိုပါတယ်။ ဒါတွေဟာ နောက်ကွယ်က အာဏာရှင်တွေ၊ အာဏာရှင်စနစ်ကို ဖက်တွယ်နေသူတွေ ရဲ့ လုပ်ရပ်ပါ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်  က ပြောပါသည်။ 


"ဟိုတလောက ကိုမင်းကိုနိုင် ပြောသွားတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြန်လည်တည်ဆောက်ရေးခေတ် ကို ရောက်ပြီတဲ့။ ကျွန်တော် သဘောမတူပါဘူး။ ဒီအာဏာရှင်ဝါဒ ဖြန့်ချိရေးတွေ၊ အင်အားကောင်းလာ တဲ့ ထောက်လှမ်းရေးကွ န်ရက်တွေ ရှိနေသေးသ၍ ကျွန်တော်တို့ ပြည်သူတွေ အိပ်ရေး၀၀ မအိပ်နိုင်သေး ပါဘူး။ ကျွန်တော်တို့ နိုင်ငံကိုလည်း ဒီမိုကရေစီနိုင်ငံလို့ မခေါ်ကြပါနဲ့ဦး" ဟု ဒေါက်တာ သန်းထွဋ်အောင်က ဆက်လက်ပြောကြားသည်။  


From:ဒေါ်စု၏ မီဒီယာ အတွင်းရေးမှူး  မေဇင်အေး(သို့)ဒီမို ဖက်တီး(သို့)  ခွန် ဒီးယမ်

www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်