Pages

Tuesday, January 22, 2013

KIA သောင်းကျန်းသူ အဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်



KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားထားသော်လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIAအဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား   သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာ ယန်မြို့ သို့ ရောက်ရှိနေကြောင်းသိရှိရသည်။ “ KIA အဖွဲ့ တွေ အများကြီး မိုင်ဂျာ ယန်မှာ ရောက်နေတယ်။ လွယ်ဂျယ်မြို့ ကို တိုက်ခိုက်သိမ်းပိုက် မယ်လို့ ကြားတယ် လက်နက်ကြီးတွေလည်း အများကြီး ပါတယ် အခုချိန် မှာ လွယ်ဂျယ်မှာက တပ် အင်အားနည်းနေတယ် ။ 
 
ဒါကြောင့် သူတို့ က အလွယ်တကူ တိုက်နိုင်မယ်လို့ ထင်နေတယ် ” ဟု မိုင်ဂျာယန်မြို့ ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားခဲ့သည်။ လွယ်ဂျယ်မြို့ သည် တရုတ်-မြန်မာ နယ်စပ်အနီးတွင် တည်ရှိပြီး မိုင်ဂျာ ယန်မြို့ ၏တောင်ဘက် ငါးမိုင်ခန့်အကွာအဝေးတွင် ရှိသည်။ လွယ်ဂျယ်မြို့ သည် မြန်မာစစ်တပ် တပ်ရင်း တစ်ရင်းသာ အခြေစိုက်ထားသော မြို့ တစ်မြို့ ဖြစ်သည်။
 KIA နှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ပျက်ပြားကာစ အချိန်တွင် KIA အဖွဲ့ မှ လွယ်ဂျယ်မြို့ သို့ ၀င်ရောက်၍ အစိုးရ ၀န်ထမ်းများအား ဖမ်းဆီး သွားခဲ့ဘူးသည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၆:၃၀ နာရီ အချိန်ထိ လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ၂၀၀ ခန့်မှ လာရောက် တိုက်ခိုက်သည့် အတွက်   မြန်မာစစ် တပ်မှ ပြန် လည် ချေမှုန်း တိုက်ခိုက်ခဲ့ ကြောင်း အဆိုပါ တိုက်ပွဲ ဖြစ်စဉ်၌ အရာရှိ ၂ ဦး၊ အခြားအဆင့် စစ်သည် ၄ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး စစ်သည်တချို့ ဒဏ်ရာ ရရှိကြောင်း သိရှိရပါတယ်။ 

From:Online News 

Myanmar Daily Star Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်