Pages

Tuesday, January 22, 2013

KIA တပ်ဖွဲ့ဝင်တစ်ဦး အစိုးရ တပ်စခန်းသို့ အလင်း ၀င်ရောက်


တာလောကြီး ဇန်န၀ါရီလ ၂၂ ရက်

ကေအိုင်အေ တပ်မဟာ(၂) ရင်း(၅)မှ တပ်သား ခိုသောင်းသည် တာလောကြီး တပ်စခန်းသို့ ယမန်နေ့ ညနေ ၃ နာရီခွဲခန့်က အလင်းဝင်ရော က်ခဲ့ကြောင်း သိရှိရသည်။ အလင်းဝင်ရောက်လာသူသည် တာလော ကြီးမှ ရှမ်းလူမျိုးတစ်ဦးဖြစ်ကာ အသက်(၃၀)ခန့် ရှိကြောင်း သိရှိ ရသည်။

၎င်း၏ ပြောပြချက်အရ လွန်ခဲ့သောနှစ် ၁၀ လပိုင်း၍ တာလောကြီးနယ် အတွင်း ကေအိုင်အေမှ တပ်သားသစ် အဖြစ် စုဆောင်း သွားခြင်းခံရပြီး မုန်ဆန်ယန်တွင် သင်တန်းတက်ကာ တပ်မဟာ(၂) ရင်း (၅) တွင် တာဝန်ထမ်း ဆောင်ခဲ့ရကြောင်း ကေအိုင်ကေ တပ်ဖွဲ့တွင်း နေထိုင်စဉ် အတွင်း ရှမ်းလူမျိုးများ ကို ခွဲခြား ဆက်ဆံခြင်း၊ ရိက္ခာ အပြည့်အ၀ မရရှိခြင်း၊ စစ်တိုက် ဖို့သာ အမိန့်ပေး နေခြင်း တို့ကြောင့် အလင်း ၀င် ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့ ပါသည်။

ကချင်နေစဉ်သတင်း 


No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်