Pages

Tuesday, January 22, 2013

ဘုရား စိန်ဖူးတော် ခိုးယူသူများအား ခိုးယူနေစဉ် ဖမ်းဆီးရမိ


၂၁-၁-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လယ်ကိုင်းကျေးရွာ၊ လယ်ကိုင်းဘုန်းကြီးကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋိတိုက်အပေါ်တွင် ဘုံ(၇)ဆင့်ပြဿဒ်၌ တင်လှူထားရှိ သည့် ထီးတော်၏အထွဋ် ကြေးစိန်ဖူးတော်အား လယ်ကိုင်းကျေးရွာနေသူများဖြစ်သည့် စိုးသူ(၂၇)နှစ်နှင့် ထွန်းထွန်းဝင်း(၃၅)နှစ် တို့ ၂ ဦးမှ ခိုးယူရန် ၀ါးလုံးထောင်၍ ထီးတော်ပေါ်သို့တက်ရောက်စဉ် စိုးသူ မှာ ပြဿဒ် ပေါ်မှ ဂန္ဓကုဋိတိုက်ပေါ်သို့ ပြုတ်ကျခဲ့ပြီး ထွန်းထွန်းဝင်းမှာ ဘုံ(၇)ဆင့်ပြဿဒ်မှ ဆင်းပြေး သွား သဖြင့် ရွာသား များက ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။ 
 
ထီးတော်ပေါ်မှပြုတ်ကျ၍ စိုးသူတွင် ၀ဲ/ယာဂျိုစောင်းပေါက်ပြဲ၊ ၀ဲဘက်နားထင် ပေါက်ပြဲ၊ ၀ဲဘက်ပါးပေါက်ပြဲ၊ ၀ဲဘက်ရင်အုံနှင့် ၀ဲဘက်ပေါင်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်။ စိန်ဖူးတော် မဏ္ဍိုင်မှာ ကွေးသွား၍ ထီးခွေ(၂)ခွေ ယိုင်သွားခြင်းနှင့် အင်္ဂတေပန်းခက်(၁)ခု ပဲ့သွားခဲ့သော်လည်း စိန်ဖူးတော် မှာ ပြုတ်ထွက် သွားခြင်း မရှိကြောင်း တွေ့ရှိရပြီး လယ်ကိုင်းကျေးရွာ၊ ဂေါပကအဖွဲ့ဥက္ကဌမှ တိုင်တန်းသဖြင့် စိုးသူနှင့် ထွန်း ထွန်းဝင်း တို့ ၂ ဦးအား မအူပင်ရဲစခန်း(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅/၃၇၉/၅၁၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။ 

ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်