Pages

Tuesday, January 22, 2013

ဖားကန့်ရှိ ကျောက်စိမ်း ကုမ္ပဏီအား KIA အဖွဲ့မှ မိုင်းခွဲဖျက်ဆီး


ဖားကန့်၊ မရှီကထောင်ရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုအား KIA အဖွဲ့မှ (၁၉) ရက်နေ့ ညနေ (၅) နာရီခွဲခန့် က မိုင်းခွဲဖျက်ဆီးခဲ့ပါသည်။ ယခင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေသော်လည်း အစိုးရ တပ်နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် လုပ်ငန်းရပ်ဆိုင်းထားပြီး အစောင့်သာ ကုမ္ပဏီ ၀င်းအတွင်း၌ ထားရှိခဲ့သည်။

(၁၉) ရက်နေ့ ညနေပိုင်းတွင် ကေအိုင်အေအဖွဲ့မှ ကုမ္ပဏီအတွင်းသို့ ရောက်ရှိလာပြီး အစောင့်ကို ရုံးအပြင် ဘက်တွင်ထိုင်ခိုင်း၍ ရုံးအဆောက်အအုံအတွင်းသို့ မိုင်းဖောက်ခွဲခဲ့သဖြင့် အဆောက်အဦးမှာ မီးလောင် ကျွမ်းခဲ့သည်ဟု သိရှိရသည်။ အဆောက်အဦမီးလောင်မှု အနီးအနားရှိ ဒေသခံများက ၀ိုင်းဝန်း မီးငြိမ်း သတ်ခဲ့ကြကြောင်း ဒေသခံ တစ်ဦးကပြောကြားခဲ့သည်။ မိုင်းပေါက်ကွဲ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ ကြမ်းခင်း မီးလောင်ပျက်စီး ခဲ့သည်ဟု သိရှိရသည်။
KDN

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်