Pages

Tuesday, January 22, 2013

ရဲအယောင်ဆောင် လိမ်လည်သူအား ဖော်ထုတ်ဖမ်းဆီး


၁၅-၁-၂၀၁၃ရက်နေ့ ၁၀၃၀ အချိန် ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ အနောက် မြင်းပြိုင်ကွင်းလမ်း၊ သမရုံးဝန်းအတွင်းရှိ ဒေါ်ပြုံးကြည်(၅၁)နှစ်၏ နေအိမ်ပရိဘောဂဆေးသုတ် လုပ်ငန်း သို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးအဆင့်ရှိသူဟုဆိုကာ အရပ်ဝတ်ဖြင့်အမျိုးသားတစ်ဦး ရောက်ရှိ လာပြီး ဆိုင်ရှိ ပရိဘောဂပြုလုပ်သော သစ်များသည်တရားမ၀င်ကြောင်း၊ သစ်တောဥပဒေအရ ဖမ်းဆီးခွင့် ရှိကြောင်း၊ ဖမ်း ဆီး မခံလိုပါက ငွေကျပ်(၁၀၀၀၀၀ိ/-)ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်ပြုံးကြည်မှ တရားဝင် အ ခွန်အခပေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ငွေကျပ်(၁၀၀၀၀၀ိ/-)မတတ်နိုင် ကြောင်းတောင်း ပန်ခဲ့ရာ ထိုသူကငွေကျပ်(၅၀၀၀၀ိ/-)တောင်းခံခဲ့ပြီး နောက်ဆုံးတွင် ငွေကျပ်(၃၀၀၀၀ိ/-) တောင်းယူကာ ၁၀၄၅ အချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ ငွေလိမ်လည်ရယူသွားသူအား စုံစမ်းဖော်ထုတ်ခဲ့ရာ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ကြည်တော်ရပ်ကွက်နေ အောင်ညို(၄၆)နှစ်အား SYH စာတမ်းပါ ပန်းရောင် MP4 ခဲပုတ်ရောင် တစ်လုံး၊ နားကြပ်ကြိုးတစ်စုံ၊QLink တံဆိပ်ပါ ဆင်းကတ်မပါသည့် အနက်ရောင်ဟမ်းစက်တစ်လုံး၊ အ နက်ေ ရာင်ဖုန်းအိတ်တစ်လုံး၊ PASAT ကြေးညိုရောင်နာရီတစ်လုံး၊ ငွေတစ်ထောင်ကျပ်တန်(၂)ရွက်၊ ငါးရာကျပ်တန်(၁)ရွက်၊ ရွှေရောင် မှင်ပြာ ဘောလ်ပင်(၁)ချောင်းတို့နှင့်အတူ ရန်ကင်းမြို့နယ်၊ ကျိုက္ကဆံ ရဲရိပ်သာ၌ ၁၇-၁ -၂၀၁၃ရက်နေ့ ၀၈၀၀အချိန် ဖမ်းဆီးရမိခဲ့သဖြင့် ဗဟန်းရဲစခန်း(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၄၂၀/၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်