Pages

Tuesday, January 22, 2013

မံကင်း ကျေးရွာနေ ဒေသခံ ပြည်သူများ အား KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ က ဆက်ကြေးကောက်


KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့  တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ မှ ဗိုလ်ကြီးအင်ဘန်ဂေါင် အင်အား (၁၆) ဦးဖြင့် ဆင်ဘိုမြို့နယ်ခွဲ မံကင်းကျေးရွာ အနီးတွင်ဇန်နဝါရီလ (၁၆)ရက်နေ့ မှ စပြီး စခန်း ချနေ ထိုင်လျှက်ရှိရာ ဇန်န၀ါရီလ(၂၁) ရက်နေ့ နံနက် ၇ နာရီ အချိန် ခန့်က မံကင်းကျေးရွာ၏ တောင် ဘက် ၁ မိုင်ခန့်အကွာရှိ နကတ်ချောင်းသို့ တပ်ကြပ်ကြီးရွိုင်မော်ဦးစီးအင်အား(၇)ဦးဖြင့် နေရာဖြန့် ခွဲ စခန်း ချခဲ့ကြောင်း သိရှိ ရသည်။ဇန်နဝါရီလ(၂၂)ရက် ယနေ့ မွန်းလွဲပိုင်းက ၄င်းအဖွဲ့ မှ နကတ်ချောင်းတွင် တရား မ၀င်ရွှေတူးနေသော ဦးအယ်ခွန်နောင်၊ အသက်(၄၆)နှစ်၊ (ဘ)ဦးအယ်ခွန်ဆိုင်း နှင့်အဖွဲ့ ဝင်(၅)ဦး တို့  အား  ရွှေတူးရာတွင် အသုံးပြုသော တစ်လုံးထိုး စက်ဆိုင်း  ၅ ဆိုင်း အတွက် စက်ဆိုင်း တစ်ဆိုင်းလျှင် ဆက်ကြေးငွေ နှစ်သောင်းနှုန်း ကောက်ခံခဲ့ပြီး မံကင်း ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အ ကွာ ချောင်းဆုံ နေရာတစ်ဝိုက် ရှိ ၄င်းတို့နောက်ချန်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ပြန်လည်ထွက်ခွာ သွားေ ကြာင်း ဦးအယ်ခွန်နောင်ကပြောသည်။  

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်