Pages

Tuesday, January 22, 2013

တောဆင်ရိုင်းများသောင်းကျန်းနေသဖြင့်အမြန်ဆုံး ဖမ်းဆီး ထိန်းသိမ်းပေးရန် ဒေသခံများ လိုလား


မကွေးတိုင်းဒေသကြီး မကွေး ခရိုင်မြို့သစ်မြို့နယ်တွင် တောဆင် ရိုင်းများ က ဒေသအတွင်းရှိစိုက် ပျိုးပြီး သီးနှံခင်းများကို ဖျက် ဆီးနေပြီး ဒေသခံများ ကိုပါ အသက် ဆုံးရှုံးသည်အထိသတ်ဖြတ်လာ သဖြ င့် ဒေ သခံပြည်သူ အချို့ စိုးရိမ် မကင်းဖြစ်ပွားနေကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆ က် ဆံ ရေး ဦးစီး မှူး ဦးကျော်မြင့်က (၁၆. ၁.၂၀၁၃)ရက် နံနက်တွင် သတင်းထောက် များကိုပြောပြပါ သည်။ 

အဆိုပါတောဆင်ရိုင်းများ မှာ လွန်ခဲ့သော ၂၀၁၂ခုနှစ် နှစ် ၀က်ခန့်က မြို့သစ်မြို့နယ်အတွင်း သို့ရောက်ရှိလာပြီး တောင်သူ အချို့၏သီးနှံခင်း များ ကို ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ပြင်လွန်ခဲ့သည့် (၃၁.၁၂.၂၀၁၂)ရက် မွန်းလွဲ (၂)နာရီအချိန်က မြို့သစ်ရဲစခန်း ၏ အရှေ့မြောက်ဘက်မိုင် ၃၀ခန့် အကွာ အိုင်မကျေးရွာအုပ်စု နဂျီ တဲတိုက်နေ ဦးတင်မြင့်၏သမီး မသန္တာဦးကို တောဆင် ရိုင်းတစ် ကောင်က နင်းသတ်ခဲ့ကြောင်း၊ ရဲ စခန်းက သေမှု သေခင်းအမှတ်စဉ် ၁/၂၀၁၃ဖြင့် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် လွန်ခဲ့သော ၆လခန့်က မြို့သစ် မြို့သစ်တောဦးစီးဌာနမှူးဦးအောင် မျိုးမြတ်ကို တောဆင်ရိုင်းများ ဖမ်းဆီးပေးရန် မြို့နယ်ပြန်ဆက် ဦးစီးမှူးက အကူအညီတော င်း ခံ ပြောကြားခဲ့ကြောင်း။

၎င်းတောဆင်ရိုင်းများမှာ မြို့သစ်မြို့နယ်အတွင်းသို့ ကျင်လည် ကျက်စား နေသည်မှာ ၇လကျော် ခန့်ရှိပြီး တောဆင်ရိုင်းများမှာ အုပ်စုကွဲကျက်စား နေကြောင်း၊ တောဆင်ရိုင်းပေါက် ၂ကောင် ၊ တော ဆင်ရိုင်းအကြီး ၃ကောင် တစ်အုပ်၊တောဆင်ရိုင်းအကြီး ၅ ကောင်က တစ်အုပ် အုပ်စု ခွဲသောင်း ကျန်းနေ ပြီး သက်တမ်းအကြီးဆုံး တောဆင်ဟိုင်းမှာ အသက် ၁၅နှစ် ခန့်ရှိနို င်ကြောင်း၊ခန့်မှန်းတောဆင် ရိုင်းအေ ကာင်ေ ရ ၁၅ကောင်ခန့် ရှိမည်ဟုသိရကြောင်း၊ လာ မည့် နွေကာလများတွင် ဆင်မိတ်လိုက် ချိန်ရောက် ပါက ဆင်မုန်ယိုခြင်းများ ဖြစ်ပေါ်ပြီးေ ဒသခံပြည် သူများကို ပိုမိုအန္တရာယ်ပြု လာနိုင် သဖြင့် တော ဆင်ရိုင်းများကို သက်ဆိုင် ရာကအမြန်ဆုံး ဖမ်းဆီး ထိန်းသိမ်း ပေးရန် ဒေသခံများက လိုလားေ န ကြောင်း စုံ စမ်း သိရှိရသည်။
Philosoper King Kaung

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်