Pages

Tuesday, January 22, 2013

ကချင်နှင့် ငြိမ်းချမ်းရေးတွင် အစိုးရ မခိုင်းလို့ ဝင်မပါ ဟု အကြောင်းပြ ခဲ့သည့် ဒေါ်စု အစိုးရ မခိုင်းပဲ ကရင် ဆက်ဆံရေး ရုံးသို့ သွားရောက်


ကချင်နှင့်ငြိမ်းချမ်းရေးတွင် အစိုးရမခိုင်းလို့ ဝင်မပါဟု အကြောင်းပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုး ရ မခိုင်းပဲ ကရင် ဆက်ဆံရေးရုံးသို့သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အကြောင်းအမျိုးမျိုးပြကာ ကချင်ပြည်နယ်သို့မသွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် ကရင်ပြည်နယ် ကျောက်ကြီး မြို့ရှိ KNU ဆက်ဆံရေး ရုံးမှ တာဝန်ရှိသူများနှင့် အစိုးရစေခိုင်းခြင်းလုံးဝမရှိပဲ  တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်တလောအားဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် KIA တို့မှာ ရထားလမ်းများသာမက ကား လမ်း များပါ မိုင်းထောင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်တ ယ် တွ င်း မိုင်းရှင်းရန် အတွက် အုပ်ချုပ်ရေးအာဏာပိုင်များနှင့်လည်း တွေ့ဆုံ ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ကိစ္စ တွင် ပူးပေါင်းပါဝင်ရန်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတကြီးဦးသိန်းစိန် နှင့် ငြိမ်းချမ်းရေးခေါင်းဆောင် ဦးအောင်မင်းတို့၏ ထူးချွန်မှုကြောင့် KNU နှင့် အစိုး ရ တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီ မှုရယူထား ပြီး နိုင် ငံရေးေ  ဆွးနွေး ပွဲများ ဖော်ဆောင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

"KNU ဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေထက် စောပြီး ဒီစားပွဲတွေကို ရောက်နေတယ်" ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးတစ်ဦးဖြစ်သော ငြိမ်းချမ်းရေး အကျိုးေ ဆာင် ဦးလှမောင်ရွှေက KNU နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဖော် ဆောင်မှုအား သုံးသပ်ပြောဆိုထားသည်။
 
ငြိမ်းချမ်းရေးနိုဘယ်ဆုအား မည်သို့မည်ပုံ ရရှိထားမှန်းမသိသော ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် လုပ်ေ ဆာ င်နိုင်သည့် အရည်အချင်းမရှိသော ပြည်တွင်းငြိမ်းချမ်းရေးအား အကြောင်းအမျိုးမျိုးပြ ကာ ရှောင် လွှဲ လျှက် ရှိနေပြီး ၎င်းလုပ်ချင်တာတွေကို အစိုးရ မခိုင်းသည်ဖြစ်စေ လုပ်နေခြင်းကြောင့် လူထု က စိတ်ပျက် လျှက် ရှိပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု အပေါ်တွင်လည်း အထင်ကြီးမှု လျှော့နည်းလာကြောင်း သတင်း ရရှိ သည်။

www.MyanmarExpress.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်