Pages

Tuesday, January 22, 2013

ကချင်ပြည်နယ် အစိုးရက စေလွှတ်သော ကုန်ကားများ လမ်းခုလတ်တွင် ခရီးဆက် မရဖြစ်နေ


ဆန်ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သော်လည်းအခြေခံစားသောက် ကုန်ပစ္စည်းများအဆမ တန်မြင့် တက်နေသောကြောင့် ဈေးနှုန်းများကျဆင်းစေရေးအတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့ ကစေလွှတ်သော ကုန်ကား စီးရေ ၆ဝ ခန့်မှာလမ်းခုလတ်တွင် ခရီးဆက် မရဖြစ်နေကြောင်း ပူတာအို ခရိုင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလီပေါ်ရက်ကပြောသည်။

''မနှစ်ကအခြေခံစားသောက်ကုန်တွေ     ပို့ထားတာ ပြတ်လပ်သွားလို့ အခုလိုဈေးတွေ တက်ကုန်တာပါ။ ဒီနှစ် ကား လမ်းကအဆင်မပြေဘူး ဖြစ်နေတယ်။ ကားလမ်းမှာတံတားတွေယာယီပြင်ပြီး ပြည်နယ်အစိုးရ
ကဈေးနှု န်းတွေကျဖို့၊ လွှတ်ထားတဲ့ ကုန်ကားတွေစီးရေ ၆ဝ၊ ၇ဝ လောက် လမ်းခုလတ်မှာ ခရီးဆက် မရဖြစ် နေပါတယ်။ တပ်ကလုံခြုံရေးအပြည့်အဝပေးနိုင်မှ ဟိုကိုရောက်မှာပါ''ဟု ၄င်းကပြော သည်။

ယင်းသို့   ခရီးဆက်မရဖြစ်နေရခြင်းမှာKIAလက်နက်ကိုင်အဖွဲ့မှ ပိတ်ဆို့ထားခြင်းကြောင့် မဟုတ်ဘဲ န ယ်မြေဖြ တ်  သန်းသွားလာရန် လမ်းတံတားများပျက်စီးနေခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။

လက်ရှိပူတာအိုခရိုင်တွင် အခြေခံစားသောက် ကုန်ပစ္စည်းများမှာ ယခင်ထက်နှစ်ဆနီးပါးဈေးကြီးပေး ဝယ်နေ ရကြောင်း၊ လေကြောင်းပို့ဆောင်ရေးဖြင့် သယ်ယူလျှင်လည်းကုန်ပစ္စည်းအများအပြားမသယ်နိုင် သလိုကုန်တန်ဆာခဈေးနှုန်းမှာလည်း မြင့်မား၍ တင်သွင်းသူမရှိကြောင်းသိရသည်။

ပူတာအိုခရိုင်တွင်   လူဦးရေ ၁ သိန်း ၂ သောင်းကျော် နေထိုင်ကြပြီး ၂ဝ၁၂ ခုနှစ်အတွင်းဆန်ဈေးနှုန်း များကြီးမြင့်  ခဲ့ရာ ဆန်နို့ဆီဘူး ၂၂ ဘူးလျှင်ငွေကျပ် တစ်သောင်းခွဲအထိ မြင့်တက်ခဲ့သည်။

ထိုကဲ့သို့ ဈေးနှုန်းများ    မြင့်တက်ရခြင်းသည် ဒေသတွင်းတိုက်ပွဲများ ဖြစ်ပွားခြင်းနှင့် မိုင်းခွဲဖျက် ဆီးခံ ရခြင်းကြောင့် လမ်းတံတားများပျက်စီးကာသွားလာရေးခက် ခဲခြင်း၊ ဝေးလံခေါင်းသီခြင်း တို့ကြောင့်၊ ကုန် ပစ္စည်း များ ရှားပါးပြတ်လတ်ကာဈေးနှုန်းမြင့်တက်ရခြင်းဖြစ်သည်။

From:Messenger  

Myanmar Daily Star Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်