Pages

Tuesday, January 22, 2013

ဘင်္ဂလီ လူကုန်ကူးမှု ထိုင်းစစ်တပ် အကြီးအကဲများ ပါဝင်ပတ်သက်


ဘင်္ဂလီတွေကို ထိုင်းနိုင်ငံဖက် လူမှောင်ခိုတင်သွင်းနေတဲ့ လုပ်ငန်းတွေမှာ ထိုင်းစစ်တပ် အရာရှိတွေ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် က ပြောတယ်လို့ မနေ့က ဇန်န၀ါရီလ ၂၀ရက်နေ့ ထုတ် ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ The Nation သတင်းစာတွေက ရေးသားကြပါတယ်။

ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးအထူးတပ်ဖွဲ့ ISOC က အဆင့်မြင့်အရာရှိတွေပါ ထိုင်းနိုင်ငံထဲဘင်္ဂ လီတွေ ကို မှောင်ခိုကူးရာမှာပါဝင်ပတ်နေကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်ပရာယုချန်အိုချားက ပြောေ ကြာင်း    မေ န့ က ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကဘဂ်ါလီမူဆလင်တွေကို ထိုင်းတောင်ပိုင်း ဆောင်ခလခရိုင် ကနေ မလေးရှားနိုင်ငံ ကို လူမှောင်ခိုကူးတဲ့လုပ်ငန်းတွေမှာ ထိုင်းစစ်တပ်က ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအဆင့်တွေ အထိ နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်နေပြီး တခါတရံ စစ်တပ်က ကုန်တင်ကားတွေကိုသုံးပြီး တနေရာ ကနေ တနေရာ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုကို ထိုင်းစစ်တပ်က စုံစမ်းစစ်ဆေးနေပြီး ဒီအရာရှိတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဗိုလ်ချုပ်ကြီး ပရာယု က ပြောပါတယ်။ တချိန်ထဲမှာလည်း ဆောင်ခလခရိုင် ရာဘာစိုက်ခင်းတွေထဲက ဖမ်းဆီးမိခဲ့ တဲ့ လှေစီးဘဂ်ါလီတစ်ထောင်နီးပါးကို လူသားချင်းစာနာမှုနဲ့ ကိုင်တွယ်ဖြေရှင်းမှာ ဖြစ်သလို တဖက်မှာ လည်း ထိုင်ဥပဒေအရ တရားမဝင် နယ်မြေဝင်ရောက်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့ ထိုင်း ဒုဝန်ကြီးချုပ် ဆူရာပေါင်းက ပြောကြားထားပါတယ်။
ခေတ်သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်