အဆို ဘက်မှာရော၊ သရုပ် ဆောင် ဘက်မှာပါ အောင်မြင်မှု ရရှိခဲ့တဲ့ အနုပညာရှင် ထွန်းအိန္ဒြာဗို က အခု လက်ရှိ မှာတော့ ပညာရေး ဘက် ကိုပဲ အချိန်ပေးပြီး လုပ်ဖြစ်နေ တဲ့ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကို မလုပ်ဖြစ် သလောက် ပါပဲလို့ ပြောပြခဲ့ပါတယ်။
ပညာရေး ဘက်ကို အချိန် ပေးပြီး လုပ်ဖြစ်နေတဲ့ ထွန်းအိန္ဒြာဗို က “ကားရိုက် တွေ တော့ မလုပ်ဖြစ် တော့ သလောက် ပါပဲ။ ကျွန်မ စိတ်ကြိုက် ဇာတ်လာ မှပဲ ရိုက်တော့မှာပါ။ မလာ ရင် မရိုက် တော့ ဘူး။ အခု British Council မှာ English Course တက် ဖြစ်နေတယ်။ ပညာတစ်ခု တတ်ချင် လို့ သင်တာပါ။ ကျွန်မ ဘာ Stress မှ မယူချင်တော့ဘူး။ ကျွန်မ အလုပ် တွေ လည်း အများကြီး လုပ်ခဲ့ပြီးပြီ။

ဒီ အသက် အရွယ် မှာ ကိုယ် လုပ်ချင် တာလေး တွေ၊ ကိုယ် လုပ်သင့် တာ လေးတွေ လုပ်မယ်။ ပရဟိတ လုပ်မယ်။ မိသားစု ကို အချိန် ပေးမယ်။ ပညာ သင်ယူမှု တွေ ကို ဝါသနာ အလျောက် လုပ် ချင်စိတ် ရှိလို့ လုပ်ဖြစ် နေတာ က လွဲရင် ကျန်တဲ့ ရည်ရွယ် ချက် ဘာမှ မရှိပါဘူး။ ပညာ တစ်ခု တတ်ထား တဲ့ အတွက် ကြောင့် အလဟဿ ဖြစ် မသွားဘူး ဆိုတာ တော့ ယုံကြည် ပါတယ်။ ကျွန်မ တတ်ထား သလောက် နဲ့ တိုင်းပြည် ကို တတ်နိုင် သလောက် အကျိုးပြု ဖို့ စဉ်းစား ထား ပါတယ်” လို့ ပြောပြ ခဲ့ပါ တယ်။
Popular News
Popular News

No comments:
Post a Comment
Note: Only a member of this blog may post a comment.