Pages

Saturday, February 9, 2013

ဒေါက်တာဆိတ်ဖွား ၏ ဝေဖန်ချက်သည် ကော်မတီ ဖွဲ့စည်း စုံစမ်း ရလောက်အောင် အရေးပါသည့် ကိစ္စ မဟုတ် ဟု ကော်မတီ အဖွဲ့ဝင်ပြော



ဥပဒေအထက်တွင် လွှတ်တော်ရှိနေသော Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်မှာ ကော်မတီဖွဲ့စည်း စုံစမ်း ရလောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် ဦးလှဆွေ မကွေး တိုင်းဒေ သကြီး မဲဆန္ဒနယ် အမှတ် (၁၂) က ပြောသည်။ 

``ဒီကော်မရှင်မှာ ကျွန်တော်ပါနေတယ်ပေမယ့် ရှာဖွေဖော်ထုတ်ဖို့အတွက်တော့ ဆန္ဒမရှီဘူး။ ဒါကြီးကို ဘယ် သူရေး မှန်းမသိဘဲ သွားပြီး အရေးတယူလုပ်နေဖို့ မလိုဘူးဗျ။ ဒီထက်ဆိုးတဲ့ တိုက်ခက် မှုမျိုးတွေ ရှိခဲ့ ဘူး တယ်လေဗျာ။ ဒီဝေဖန်ချက်ကို ပြည်သူထဲက ထွက်လာတဲ့ အသံတစ်သံအဖြစ် အသိအမှတ်ပြုထားလို့ ရတာ ပဲ။ ဒါမှမဟုတ် လစ်လျူရှုလိုက်လည်း ရတာပဲ။ ဆန္ဒမရှိပေမယ့် ရှာဆိုတော့လည်း နောက်ကြောင်း လိုက်ပြီး ရှာရုံပေါ့။ ကောက် ရိုးပုံထဲက အပ်ရှာသလိုလေဗျာ´´ဟု ဦးလှဆွေက အထက်ပါဝေဖန်ချက်အပေါ် ထားရှိ သည့် သူ၏ အမြင်ကို ပြောဆိုဖွင့်ချသည်။
 
ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား၊ (Above The Law) ဟူသည့် ဝေဖန်ချက်သည် လွှတ်တော်၏ လုပ်ဆောင် ချက်များ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာတို့ကို စော်ကား ထားခြင်းဖြစ်သဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးပြီး အရေး ယူဆောင် ရွက်ပေးပါရန် ကမာရွတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စိုးရင်က ဇန်န၀ါရီလ ၁၇ ရက်နေ့ တွင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့ တွင် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အရေးကြီး အဆိုတစ်ရပ်အဖြစ် တင်သွင်းခဲ့ခြင်း ဖြစ် သည်။

၎င်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံခဲ့သည်ကြောင့် အဆိုတင်သွင်းပြီး သုံးပတ်အကြာ ယခုလ ၇ ရက်နေ့တွင် အဖွဲ့ဝင် ဂ၁၇) ဦးပါ စဲုစမ်းရေးကော်မရှင်တစ်ခုကို ပြည်ထောင်စု လွှတ်တော်ဆိုင် ရာ နည်း ဥပဒေ (၈)၊ နည်းဥပဒေခွဲ (၃) (၁) တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေး အပ်ခဲ့ခြင်းဖြစ် သည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအပေါ် ``ကော်မရှင်မှာ နယ်ပယ်စုံက လူတွေ ပါ လာတော့ သိပ်ကျေနပ်တာပေါ့။ ကော်မရှင်သက်တမ်း၊ ကော်မရှင် လုပ်ပိုင်ခွင့်၊ ကော်မရှင်တာဝန်အစ ရှိတဲ့ လုပ် ငန်း စဉ်တွေကိုလည်း အသေးစိပ် ဖော်ပြထားတယ်။ လွှတ်တော်မှာ ဘာတွေလုပ်နေလဲဆိုတဲ့ တကယ် အခြေ အနေမှန်ကို ဒီကောိမရှင်က လူထုရှေ့ချပြလိမ့်မယ်။ လူထု အထင်အမြင်လွဲစေမယ့် ဝေဖန်ချက်တွေ ဖြေရှင်း ဖိ့ ဒီကော်မရှင် လိုကိုလိုအပ်ပါတယ်။ ကော်မရှင်က ဖော်ထုတ်အရေးယူပါလိမ့်မယ်။

မလိုအပ်ဘူးလို့ မြင်သူတွေက အမြင်တစ်မျိုးနဲ့ ကြည့်တာဖြစ်တယ်။ ကော်မရှင်အနေနဲ့ ဒေါကတာဆိတ်ဖွား ဆိုတဲ့ ကလောင် ကိုကြည့်တာမဟုတ်ဘူး။ စိတ်လည်း မ၀င်စားဘူး။ ဝေဖန်ချက်ကြောင့် လွှတ်တော်ကို ဘယ်ေ လာက် ထိခိုက်သွားလဲ။ ဒါကို လွှတ်တော်က ဘယ်လိုတုန့်ပြန်သလဲဆိုတာပဲ စိတ်ဝင်စားတယ်။ ဒီ ကလောင်ေ ပျာက်သွား နောက်တစ်ခု ပေါ်လာနိုင်တယ်။ ဒါပေမဲ့ နောက်ပေါ်လာမယ့် ကလောင်က လွှတ်ေ တာ် အပေါ် ဒီလိုအခြေအမြစ်မရှိတဲ့ ပစ်စလက်ခက်တွေ မရေးရဲတော့ဘူးပေါ့။ ကော်မရှင်ကို ဖွဲ့ပြီး စုံစမ်း စစ်ဆေး တဲ့၊ အရေးယူတာ အဲ့ဒီအချက်ကို လိုချင်တာ။ ကလောင်ရှင် ဘယ်သူလဲဆိုတာကို လိုချင်တာ။ ကလောင် ရှင် ဘယ်သူလဲဆိုတာကို လိုချင်တာ မဟုတ်ဘူး´´ဟု ဒေါက်တာ စိုးရင်က ပေါ်ပြူလာနယူးစ်နှင့် တွေ့ဆုံ စဉ်က ပြောကြားခဲ့သည်။

ယင်းကော်မရှင်သည် လုပ်ငန်းတာဝန် ၅ ချက်၊ လပ်ပိုင်ခွင့် ၅ ချက်တို့ဖြင့် စုံစမ်း၊ အကြံပြုရမည်ဖြစ်ပြီး စုံ စမ်းေ တွ့ ရှိချက်ဖြင့် အကြံပြုချက် အစီရင်ခံစာကို ရေးသားပြုစုပြီးပါက နာယကမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော် သို့ တင်ပြရမည်ဖြစ်သည်။ အစီရင်ခံစာ တင်သွင်းပြီးနောက် ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ် ညွှန်ကြားချက် များအတိုင်း တာဝန်ထ်မ်းဆာင်ပြီးမှသာလျှင် ကော်မတီသက် တမ်းကုန် ဆုံးမည် ဟုလည်း ထပ်လောင်းသိရသည်။

စွမ်းရဲထွဋ်
 
Popular News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်