Pages

Saturday, February 23, 2013

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ကလော တပ်နယ်အား ကြည့်ရှုစစ်ဆေး

 
နေပြည်တော် ဖေဖော်ဝါရီ ၂၂
 
ကလော တပ်နယ်သို့ ရောက်ရှိနေသော ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တို့လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ကလောမြို့ နယ်မြေခံ တပ်ရင်းသို့ သွားရောက် စစ်ဆေးရာ နယ်မြေခံ တပ်ရင်းရုံး၌ တာဝန်ရှိသူ တစ်ဦးက တပ် တည်ဆောက်ရေး လုပ်ငန်းတာဝန်ကြီး (၄) ရပ်ဆိုင်ရာ ဆောင်ရွက် မှု အခြေနေများကို ရှင်းလင်း တင်ပြပြီး ဗိုလ်ချုပ်ကြီး စိုးဝင်းက လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးသည်။
 
ထို့နောက် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် နယ်မြေခံ တပ်ရင်းရှိ တပ်တွင်းကုန်စုံ ဆိုင်အတွင်း၌ လူသုံးကုန် ပစ္စည်းများနှင့် စားသောက် ကုန်ပစ္စည်းများ ရောင်းချနေမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးပြီး မိသားစု ၀င်များအား အိမ်ထောင်သည် လိုင်းများအတွင်း ရင်းရင်းနှီးနှီး တွေ့ဆုံပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးထား ရှိမှု၊ စားဝတ်နေရေး၊ သွားလာရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာများကို မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရွှေဖီဦး အသင့်ဖျော် လက်ဖက်ရည်ထုတ်၊ စားသောက်ဖွယ်ရာ များနှင့် သုတ၊ ရသစာအုပ် စာစောင်များကို ပေးအပ်သည်။ 
 
၎င်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ် ချုပ်ကြီး စိုးဝင်းနှင့်အဖွဲ့ ၀င်များသည် နယ်မြေခံ တပ်ရင်း၌ တပ်ပိုင် မွေးမြူထားသော ၀က်မွေး မြူရေးခြံ၊ ငါးမွေးမြူရေး ကန်နှင့် ဘဲမွေးမြူရေး တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။
 
မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်