Pages

Monday, March 11, 2013

ဘင်္ဂလား ပင်လယ်အော် အတွင်း အိန္ဒိယ - မြန်မာ ရေတပ်များ ပူးတွဲ စစ်ရေး လေ့ကျင့်မည်


မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံသည် စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် ဘင်္ဂလားပင် လယ်အော် အတွင်း ပူးတွဲ ကင်းလှည့်ရေးနှင့် စစ်ရေးလေ့ကျင့် ခန်းများပြုလုပ်ရေး ကိုဆောင်ရွက် သွားတော့ မည်ဖြစ်ကြောင်း သိရသည်။ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ မြန်မာ့ရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စီးနှင့် အငယ်စား စစ်သင်္ဘောတစ်စီးတို့သည် အိန္ဒိယမှ ဗီဆက်ခါ ပတ်ထနမ်ဆိပ်ကမ်းသို့ မနက်ဖြန်တွင် ဆိုက်ရောက် မည်ဖြစ်ကာ ထိုနောက်ရက်အနည်းငယ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်မည်ဟု ဆိုသည်။

မြန်မာနှင့် အိန္ဒိယတို့ သည် မကြာမီကပင် စစ်ရေး၊ စီးပွားရေးဆက်ဆံမှုများ တိုးမြှင့်လာခဲ့ပြီး ၂၀၁၂  နိုဝင်ဘာနှင့်   ဒီဇင်ဘာလ အတွင်း နိုင်ငံခြား ရေးဝန်ကြီး ဆယ်လ်မန် ခါရှစ်၊လေတပ်ဦးစီးချုပ် အန်၊ အေ၊ကေ ဘရောင်း တို့ လည်းလာရောက်လည်ပတ်ခဲ့ကြသည်။ ယင်းနောက် အိန္ဒိယ သည် မြန်မာတပ်မတော် စွမ်းရည်မြှင့်တင်ရေး အတွက် မြန်မာလေတပ်ပိုင်းလော့ များ အား အိန္ဒိယသို့ခေါ်ယူကာ ရုရှားလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဉ်များနှ င့် လေ့ကျင့်ပေးေ ရးကို လည်း သဘောတူခဲ့သည်။

အိန္ဒိယသည် မြန်မာသို့ စစ်သုံးလက်နက်များကိုလည်းရောင်းချပေးနေပြီး ယင်းတွင် ကုန်းတွင်းပိုင်း သုံး ရေ တပ် ကင်းလှည့်လေယဉ်များ၊ ရေ တပ်သုံး စက်သေနတ်တင်မော်တော်ဘုတ်များ၊ ၁၀၅ မီလီမီတာ အပေါ့စားသေနတ် များ၊ မော်တာစိန်ပြောင်းများ၊ လောင်ချာများနှင့် ရိုင်ဖယ်သေနတ်များလည်းပါဝင်သည်။ ထို့ပြ င် မြန်မာသည် ၎င်း၏ရေတပ်သင်္ဘောများအတွက် Bharat Electronics Ltd ကထုတ်လုပ်သော ရေဒါ
စနစ် များလည်း ဝယ်ယူရရှိ ထားကြောင်း သိရသည်။

Myanma Age

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်