Pages

Wednesday, April 10, 2013

မြန်မာစစ်သား ၁၃ ဦး ပစ်ခတ်မှုကြောင့် သေဆုံးသည့်သတင်း နားလည်မှုလွဲစွာ မှားယွင်းရေးသားကြခြင်းဖြစ်

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းခရိုင်တွင် လက်နက်ကိုင် အချို့နှင့် မြန်မာအစိုးရ တပ်မတော်သားများ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ တပ်မတော်သား ၁၃ ဦး သေဆုံးခဲ့သည်ဟူသော သတင်းမှာ မှားယွင်းနေပြီး မြန်မာ တပ်မတော်သား ၁၃ ဦးမှာ ကင်းလှည့်နေစဉ် တောတွင်း၌ လမ်းပျောက် သွား ချိန်နှင့် တောမီးလောင်ကျွမ်းစဉ် ကာလ တိုက်ဆိုင်ခဲ့၍ ဝါးလုံးများ ပေါက်ကွဲသံကို သေနတ် ပစ်ခတ်သံကဲ့သို့ ဆက်သွယ်ရေးစက်၌ ကြားခဲ့ကြရပြီး သေဆုံးသကဲ့သို့ ထင်ရောင်ထင်မှား ဖြစ် ခဲ့ ရခြင်း ဖြစ် သည်ဟု နှစ်နိုင်ငံမှ အစိုးရ အာဏာပိုင်များက တရားဝင် ပြောကြား လိုက်ကြောင်း ၈-၄-၂၀၁၃ ရက်က သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Surapong Tovichakchaikul ကလည်း နှစ် ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်း မဟုတ်ကြောင်း ဧပြီလ ၆ ရက်က ထုတ်ဖော်ပြော ကြား လိုက်ပြီး မြန် မာအာဏာပိုင်များ ဘက်က လည်း ၄-၄-၂၀၁၃ ရက်က ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့သည်ဟု သတင်းရထားပြီး မိမိတို့ တပ်မတော်သားများ ထိခိုက်မှု မရှိကြောင်း ၇-၄-၂၀၁၃ ရက်က နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည်။

“ကော့သောင်းဒေသ ထိုင်းနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်မတော်သားများ ကျဆုံးသော သတင်းမှာ မှန်ကန်မှု မရှိပါ” ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ်မှာ တစ်ဆင့် မေးမြန်းထားမှုများကို ဖြေကြားသည်။ ထိုင်းနိုင်ငံမှ အင်အားကြီး မီဒီယာ နှစ်ခုဖြစ်သော The Nation, Bangkok Post တို့ကလည်း မှားယွင်းသော သတင်းထုတ်ပြန် မှု ဖြစ်ကြောင်း ၎င်းတို့၏ ဧပြီ ၄ ရက်က ထုတ်ပြန်သော သတင်းအပေါ် ပြန်လည်ရေး သား ဖော်ပြထားပြီး ပြည်တွင်းမီဒီယာ အချို့ကလည်း ဖော်ပြခဲ့ကြမှုကြောင့် ပြည်တွင်း၌ လှုပ်ခတ်သွားသော သတင်းတစ်ပုဒ် ဖြစ်ခဲ့ရသည်။ “အခု ထိုင်း၊ မြန်မာနယ်စပ် အခြေအနေက ပုံမှန်အခြေအနေကို ရောက်ပြီးလို့ တည်ငြိမ်နေပါပြီ” ဟု ထိုင်းတပ်မတော်မှ ဒုတိယအဆင့် ပြောရေးဆိုခွင့်ရှိသူ Winthai Suwaree က ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံစဉ် ဧပြီ ၆ ရက်ကလည်း ယင်းသတင်းများ မဟုတ်မှန်ကြောင်း သတင်းမှားသာ ဖြစ်ကြောင်း၊ နားလည်မှု လွဲမှားစွာ ဖော်ပြ ခဲ့ကြခြင်း ဖြ စ်ေ ကြာင်း ထုတ်ဖော် ပြောကြားထားသည်ဟု သိရကာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင်လည်း အလားတူ ဖော်ပြထားသည်ကို တွေ့ရကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၁ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်