Pages

Thursday, February 14, 2013

အစိုးရ တပ်ဖွဲ့များနှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ ပစ်ခတ်မှု မဖြစ်စေရန် ညှိနှိုင်းနိုင်ခဲ့

 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်ပြည် လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၆ )နယ်မြေ ဂျာရာယန် (Ja Ra Yang)သို့ လှုပ်ရှားလာသော အစိုးရတပ်ဖွဲ့နှင့် KIA တပ်များ ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ရာ  ပစ်ခတ် တိုက် ခိုက်မှု မဖြစ်ပွားစေရန် နှစ်ဖက် ညှိနှိုင်းနိုင်ခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး လဒွဲ ဦးဆောင်သော KIA တပ်ခွဲ (၅) တပ်ဖွဲ့များနှင့် အင်အား ၁၀ ဦးခန့်ရှိသော အစိုးရတပ်ဖွဲ့ တို့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ဖားကန့်မှ မိုင်(၂၀) အကွာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း (၆) မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ပြောသည်။

“သူတို့လည်း ကျနော်တို့နဲ့ မပစ်ချင်လို့ တောလမ်းကနေဖြတ်သွားနေတာ။ ကျနော်တို့လည်း သူတို့နဲ့ ပြဿ နာ မဖြစ်ချင်လို့ တောမှာ ရှောင်နေတာလေ။ အဲဒါကျနော်တို့နေတဲ့ နေရာမှာ သူတို့ ထိပ်တိုက်ေ ရာက် လာတော့ အစိုးရဖက်က ‘နင်တို့ကို ပစ်ဖို့လာတာ မဟုတ်ဘူး။ ကျနော်တို့ တာဝန် အရေ လျှာက် သွားနေတာပဲ၊ မပစ်နဲ့ တွေ့ဆုံဆွေးနွေးရအောင်’ ဆိုပြီး အော်ပြော တယ်တဲ့။ အဲဒါနဲ့ တွေ့ ကြပြီး ‘ညီ အစ်ကိုချင်းပဲ ပစ်ခတ်နေရင် အဓ္ဓိပါယ်မရှိဘူး။ ဒီနေ့က စပြီး ပစ်ခတ်တာ မလုပ်တော့ဘူး။’ ဆိုပြီး သူတို့ဟာ သူ တို့ ဆွေးနွေးပြီးပြန်ကြတယ်တဲ့။ သူတို့ အထက်ကတော့ ကျနော်တို့နေတဲ့ နေရာတွေကို လိုက် စုံစမ်း ခိုင်းတာ နေမှာပေါ့။ အဲဒါ ထိပ်တိုက်တွေ့တော့ သူတို့လည်း မပစ်ချင် ကျနော်တို့ဘက်ကလည်း ရွာနဲ့ နီးနေတော့ မပစ်နဲ့လို့ ပြောလိုက်တာ။”

အဆိုပါ အစိုးရ တပ်ဖွဲ့များ သည် ကယားပြည်နယ် အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၀၂ မှဖြစ်ကြောင်း KIA ဘက်က ပြောဆိုသည်။

ကချင်သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်