Pages

Tuesday, February 19, 2013

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး လျက်ရှိ


တပ်မတော်နယ် လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက် ရှိရာ ကချင်ပြည် နယ် အတွင်း ယမန်နေ့က နယ်လှည့်ဆေး ကုသရေး အဖွဲ့(၁) နှင့်(၂)သည် ပူတာအိုနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသ ခံပြည်သူ ၉၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၃)သည် မူလာရှီဒီနှင့် ပတ်ဝန်း ကျင် ကျေးရွာ များမှ ဒေသခံ ပြည်သူ ၈၆ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)သည် မချမ်းေ ဘာ ကျေး ရွာ မှ ဒေသခံ ပြည်သူ ၄၂ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၅) သည် ကောင်းမှုလုံ ကျေးရွာနှင့် ပတ်ဝန်း ကျင် ကျေးရွာမှ ဒေသခံ ပြည်သူ ၃၅ ဦး၊ စုစုပေါင်း ဒေသခံ ပြည်သူ ၂၅၆ ဦးတို့အား လိုအပ်သည့် ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက် ပေးသည်။


အလားတူ ကယားပြည်နယ် အတွင်း တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များမှ ယမန် နေ့က အခြေပြု ဆေးကုသရေး အဖွဲ့(၁)သည် လွိုင်ကော်မြို့တွင် အခြေပြု၍ ပတ်ဝန်း ကျင် ကျေးရွာ မှ ဒေသခံ ပြည်သူ ၂၁ ဦး၊ အခြေပြု ဆေးကုသရေး အဖွဲ့(၂)သည် မိုးဗြဲ၌ အခြေပြု၍ ပတ်ဝန်း ကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅ဝ၄ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၁) သည် လိုဘာခို ကျေးရွာမှ ဒေသခံ ပြည်သူ ၂ဝ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)သည် ထီးပိုးကလိုး ကျေး ရွာနှင့် ပတ်ဝန်ကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၇၆ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)သည် ကုန်းသာ ကျေးရွာနျင့် ပတ်ဝန်းကျင် ကျေးရွာမှ ဒေသခံပြည်သူ ၆၈ ဦး၊ စုစုပေါင်း ဒေသခံ ပြည်သူ ၁၈၉ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက် ပေးခဲ့သည့် အပြင် ဆေး ရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံ ပြည်သူ ၃၅ ဦးအား နယ်မြေခံ တပ်မတော် ဆေး ရုံသို့ ပြောင်းရွှေ့ ကုသ စေခဲ့သည်။

နယ်မြေခံ တပ်မတော် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူသူ ၁ဝ၂ ဦးအနက် ၁၂ ဦးအား အောင်ပန်းမြို့ တပ်မတော် ဆေးရုံသို့ ပြောင်းရွှေ့ ကုသစေခဲ့ပြီး ရောဂါ သက်သာ ပျောက်ကင်း သဖြင့် ဆေးရုံ ဆင်း နိုင်သည့် ဒေသခံ ပြည်သူ ၁၁ ဦး အား နေရပ်သို့ ပြန်နိုင်ရေး ကူညီဆောင်ရွက် ပေးသည်။

ထို့အပြင် လွိုင်ကော်မြို့နယ် လွိုင်လင်လေး ကျေးရွာနှင့် ဖယ်ခုံမြို့နယ် မိုးဗြဲ ကျေးရွာ များရှိ ဒေသခံ ပြည်သူများ အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစု များက ပေးပို့လှူဒါန်း သည့် ဆန် ၃၅ဝ အိတ်၊ စောင် ၃၅ဝ ထည်၊ ပုဆိုး ၃၅ဝ ထည်၊ လုံချည် ၃၅ဝ ထည်၊ အနွေး အင်္ကျီ ၃၅ဝ ထည်၊ စားသောက်ကုန် ပစ္စည်း ရှစ်မျိုး၊ လူသုံကုန် ပစ္စည်း လေးမျိုးနှင့် အားကစား ပစ္စည်း ခြောက် မျိုးတို့အား ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွိုင်ကော် တပ်နယ်မှူးနှင့် ငြိမ်းချမ်းရေး ယူထားသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တို့ အခမ်းအနားဖြင့် ပေးအပ်ကြပြီး ဆေးကုသမှု ခံယူနေသော ဒေသခံ တိုင်းရင်သား ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးသည်။

ဆက်လက်၍ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့အား ဂုဏ်ပြုညစာ စားပွဲကို ယမန်နေ့ ညပိုင်းက လွိုင်ကော်နယ် ငြိမ်းချမ်းရေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ် ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြု နှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ အမှတ်တရ လက်ဆောင်များ ပေး အပ်သည်။

ထို့အတူ ချင်းပြည်နယ် အတွင်း တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များမှ ယမန်နေ့က အခြေပြု ဆေးကုသရေး အဖွဲ့(၁)သည် ကလေးမြို့တွင် အခြေပြု၍ ပတ်ဝန်း ကျင် ကျေးရွာ မှ ဒေသခံ ပြည်သူ ၁၆၅ ဦး၊ အခြေပြု ဆေးကုသ ရေးအဖွဲ့ (၂)သည် ဂန့်ဂေါမြို့တွင် အခြေပြု၍ ပတ်ဝန်းကျင် ကျေးရွာမှ ဒေသခံ ပြည်သူ ၉၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)သည် ဖလမ်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၈၃ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)သည် တီးတိန်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၂ဝ၅ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၃)သည် ဟားခါးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာမှ ဒေသခံ ပြည်သူ ၇၈ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)သည် မင်းတပ်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများ မှ ဒေသခံ ပြည်သူ ၁၁၉ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၅)သည် မတူပီမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၃ဝ ဦး၊ စုစုပေါင်း ဒေသခံ ပြည်သူ ၉၇၃ ဦး တို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ ၁၆ ရက်အထိ ကချင်ပြည်နယ် အတွင်း ဒေသခံ ပြည်သူ ၄ဝ၅၂ ဦးနှင့် ကယား ပြည်နယ်အတွင်း ဒေသခံ ပြည်သူ ၈၀၉၂ ဦးတို့အား လည်းကောင်း၊ ချင်းပြည်နယ် အတွင်း ဖေဖေါ်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ဒေသခံ ပြည်သူ ၁၉၆ဝ ဦးအားလည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

MWD

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်