Pages

Friday, March 8, 2013

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထ အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

၂ဝ၁၃ ခုနှစ် (၆၈)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်း အစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပ ပြုလု ပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ် ချုပ်ကြီး ရာပြည့်၊ စစ်ဦးစီး အရာရှိချုပ် (ရေ)ဗိုလ်မှူးချုပ် တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ) ဗိုလ်မှူး ချုပ် လွင်ဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေးနှင့် တပ်မတော် အရာရှိ ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မီးသတ် ဦးစီးဌာနတို့မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
 
ရှေးဦးစွာ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်က (၆၈) နှစ်မြောက် တပ် မတော်နေ့အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်း အဖွဲ့၊ ကော်မတီ များက ဆောင်ရွ က်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့် အမှာစကား ပြောကြားသည်။
ထို့နောက် တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲရေး ကော်မတီနှင့် ဆပ်ကော်မတီ များမှ ကော်မတီ အလိုက် လုပ်ဆောင်လျက် ရှိသည့် လုပ်ငန်းဆိုင်ရာ များကို အသေးစိတ် ရှင်းလင်း တင်ပြသည်။
ယင်းနောက် (၆၈) နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ေ ရး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ကော်မတီများ အလိုက် ရှင်းလင်း တင်ပြမှုများကို ပေါင်းစပ် ညှိနှို င်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိသည်။ 
 
မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်