Pages

Wednesday, February 20, 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း လုံးဝ ပိတ်ပြီ

ရန်ကုန်မြို့၏ အထင်ကရ ကားပွဲစားတန်းဖြစ်သည့် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား ဖေဖော်ဝါရီ ၁၉ ရက် ညနေမှစ၍ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ရာ ၁၅ နှစ်ကြာ ယာဉ်ရောင်းဝယ်မှု ပြုလုပ်ခဲ့သော ရန်ကုန်မြို့မှ အကြီးဆုံး ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းနေရာမှာ အရောင်းအဝယ်များ ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ 

“ဒီနေ့ စည်ပင်က မိုက်နဲ့လိုက်အော်တယ်။ ဒီဝင်းကြီးကို ပိတ်လိုက်ပြီလို့ ပြောတယ်။ ကားတွေကို လည်း ရွှေ့ ခိုင်းတယ်” ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဦးမင်းဦးက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြော သည်။ လက်ရှိ ဟံသာဝတီဝင်းထဲမှ ကားများကို လာရောက်ထုတ်ယူခွင့် ပြုထားကြောင်း၊ ကားဝယ်ရောင်းစခန်း ပြောင်းရွှေ့သည့်အတွက် ကားအရောင်းအဝယ် အေးသွားကြောင်း၊ သီရိမင်္ဂလာဈေးဟောင်းသို့ ရွှေ့ပြောင်းရာတွင်လည်း ကားထားရန်နေရာ မလုံလောက်မှုများ ရှိနေကြောင်း ၄င်းကဆက်ပြောသည်။ 


အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ မော်တော်ကား ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော် စည်ပင်ဌာနမှ တွေ့ဆုံရန်ရှိကြောင်း ၄င်းအသင်း၏ ပြန်ကြားရေးမှူး ဦးမင်းဦးက ပြောသည်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းသည် ၁၉၉၆ ခုနှစ်က ဖျက်သိမ်းပြောင်းရွှေ့ခဲ့သော ကြံတောသုသာန် မြေနေရာအား ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယာဉ်ရောင်းဝယ်ရေး စခန်းအဖြစ် တရားဝင် ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်