Pages

Wednesday, February 20, 2013

ကာကွယ်ရေး အသုံးစရိတ် နှင့် ပတ်သက်လို့ ပြည်သူများက နားလည် ပေးစေလို

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ် အမျိုးသား စီမံကိန်းဥပဒေ ကြမ်းနှင့် ပတ်သက်၍ ပထမ အကြိမ် ပြည်ေ ထာ င်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ကာကွယ် ရေးဝန်ကြီးဌာန၏ အသုံးစ ရိတ် အား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ ကြောင်း သိ ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုမြန်မာနိုင်ငံ၏ ကာကွယ်ရေး တပ်မတော်သည် အခြားနိုင်ငံ များနှင့် နှိုင်း ယှဉ် ပါက အလွန် အင်မတန် အင်အားနည်းပါးနေ ကြောင်း၊ ထို့ကြောင့် ယင်းအဆို အား လွှတ်တော်ကို ကိုယ် စား လှယ်များကသဘောတူခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းကျော်က ပြောကြားရာတွင် ““တပ်မတော် က ကာကွယ် စောင့်ရှောက်ခဲ့ တယ်ဆိုတာ လွှတ်လပ်ရေးမရမီ နဲ့ လွှတ်လပ်ရေးရပြီးနောက်ပိုင်း ယနေ့အချိန် အထိ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကြီးမားတဲ့ နိုင်ငံ ရေး အပြောင်းအလဲ ပေါ်ပေါက် လာတိုင်း မှန်ကန်စွာနဲ့ ရပ်တည် ပြီး နိုင်ငံသားများရဲ့ သစ်္စာကို စောင့်သိခဲ့တာ အထင်အရှား ဖြစ်ပါတယ်။ ဒါကြောင့် တပ်မ တော်အင်အားရှိမှ တိုင်းပြည်အင် အားရှိမယ်ဆိုတဲ့ စကားအတိုင်း တပ်မတော်အနေနဲ့ ခိုင်မာတဲ့ စီမံ ကိန်း၊ စီမံချက်တွေကို အနာဂတ် အတွက် အလေးအနက်ထား ချမှတ်အကောင်အထည်ဖော်သွား ဖို့ မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် တင်ပြတဲ့ စီမံကိန်းများ နဲ့ ပတ်သက်ပြီး အကောင် အထည်ဖော် ဆောင်ရွက်ရန် အလေးအနက်ထား စဉ်းစားပေး နိုင်ဖို့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်အားလုံးမှာတာဝန် ရှိပါတယ်။ လုံခြုံရေးကောင်စီ အစီအမံအတိုင်း ပြည်သူများက အလွယ်တကူ သိရှိနိုင်မှာမဟုတ် လို့ ပြည်သူများဘက်က နားလည် ပေးနိုင်ဖို့ ကျွန်တော်အလေး အနက်တင်ပြရခြင်း ဖြစ်ပါတယ်”” ဟု ပြောကြားခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့် စပ်လျဉ်း၍လည်း လွှတ်တော် ကိုယ်စား လှယ်များ၏ မူသဘော ဆွေးနွေးချက်များအပေါ် ပြန် လည်ရှင်းလင်းခြင်းအပါအ၀င် အခြားသော အကြောင်းအရာများ လည်း ပါဝင်ခဲ့ကြောင်း၊ ယင်းကဲ့ သို့ ဆွေးနွေးရာတွင်လည်း အချို့ သော အကြောင်း အ ရာများအား ကန့်ကွက်ခဲ့ကြောင်း သိရသည်။

Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်