Pages

Wednesday, February 20, 2013

နေပြည်တော် ဆေးရုံစီမံကိန်း ခြောက်ခု ရပ်လိုက ရပ်နိုင်ဟု ကျန်းမာရေးဝန်ကြီး ပြောကြား

နေပြည်တော်တွင် တည်ဆောက်ရန် လျာထားသည့် ဆေးရုံစီမံကိန်း ခြောက်ခုအား ရပ်ဆိုင်းလိုက ရပ်ဆိုင်းထားနိုင်ပါကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ယခုလ ၁၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ ပြောသည်။ “ပြည်ထောင်စု ဝန်ကြီးကတော့ ဒီစီမံကိန်းတွေကို ရပ်လိုက ရပ်ထားနိုင်ပါတယ်လို့ ပြောတဲ့အတွက် ဒီစီမံကိန်းတွေဟာ သိပ်မလိုအပ်သေးဘူးလို့ ဝန်ခံတဲ့သဘောပါပဲ။ ဒီစီမံကိန်း ရပ်လိုက်လို့ ထွက်လာတဲ့ ငွေတွေကို အခားလိုအပ်တဲ့ နေရာတွေဖြစ်တဲ့ ဆေးဝါးဖြည့်တင်းတဲ့ နေရာတွေ၊ အခြားလိုအပ်တဲ့ နေရာတွေမှာ သုံးစွဲမယ်လို့ ဝန်ကြီးက ပြောသွားတာပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။


 နေပြည်တော်တွင် အသစ်ဆောက်လုပ်မည့် ဆေးရုံစီမံကိန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက နေပြည်တော်ကဲ့သို့ နေရာတွင် ဆေးရုံအသစ်များ ဆောက်လုပ်သည်ထက် ဝန်ထမ်းများ ပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ နယ်ဒေသများရှိ ဆေးရုံ၊ ဆေးခန်းများ၊ ကျေးလက်ကျန်းမာရေး ဌာနများတွင် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများကို ပြည့်စုံလုံလောက်စွာ ထားရှိရေးကိုသာ ဦးတည်သင့်ကြောင်း ဆွေးနွေးကြသည်။ နေပြည်တော် ကောင်စီနယ်မြေတွင် ခုတင် ၅၀၀ ဗဟိုအမျိုးသမီးဆေးရုံ၊ ခုတင် ၅၀၀ ကလေးဆေးရုံ၊ ခုတင် ၅၀၀ အရိုးအထူးကုဆေးရုံ၊ ခုတင် ၅၀၀ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံတို့ကို ပြီးခဲ့သော ဘဏ္ဍာနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် အဆိုပါ စီမံကိန်းများ ရပ်ဆိုင်းထားသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်