Pages

Wednesday, February 20, 2013

ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်မှု တောင်ကိုရီးယားရေတပ် စတင်


တောင်ကိုရီးယား ရေတပ်၏ ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို အရှေ့ပင်လယ် (ဂျပန်ပင်လယ်)တွင် ဖေဖော်ဝါရီ ၁၉ ရက်က စတင်ကြောင်း မြို့တော်ဆိုးလ်ရှိ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ တောင်ကိုရီးယားရေတပ်၏ စစ်ရေးလေ့ကျင့် မှု၌ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ ပါဝင်ပြီး အမေရိကန်ပြည်ထောင်စု မှ ထောက် လှမ်းေ ရး လေယာဉ်များလည်း ပါဝင်လေ့ကျင့်ကြကြော င်း ပြောရေး ဆိုခွင့်ရှိ သူ က ပြောကြားသည်။ ပြည်ပမှ စစ်ေ ရးခြိ မ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် စစ်ရေးအရ အသင့်ရှိေ နစေ ရန် စစ်ရေးေ လ့ ကျင့်ရခြင်းဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံက ဒီဇင်ဘာ ၁၂ ရက်တွင် တာဝေးပစ် ဒုံးပျံတစ်စင်းကို ပစ်လွှတ်ခဲ့ပြီးချိန် နောက်ပိုင်း တောင်ကိုရီးယားနိုင်ငံသည် တစ်နိုင်ငံတည်း လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲ၍ လည်းကောင်း စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် မကြာမီက တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ရာ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

ရိုက်တာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်