Pages

Wednesday, February 20, 2013

သူနာပြုဆရာမများ ဆက်ဆံရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး သတိပေး

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများနှင့် ပတ်သက်၍ သမ္မတထံ တိုင်ကြားမှုများတွင် ဆရာဝန်များအား တိုင်ကြားမှု နည်းသွားသော်လည်း သူနာပြုဆရာမများ၏ ဆက်ဆံရေးနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ဆရာဝန်တွေနဲ့ ပတ်သက်တဲ့ တိုင်စာနည်းသွားတယ်။ ဒါပေမယ့် ဆရာမကြီးတွေ တိုင်စာကတော့ အပေါက်ဆိုးတယ် ဆိုပြီး လာနေတုန်းပဲ” ဟု သူနာပြုတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုပွဲတစ်ခု၌ ပြည်ေ ထာင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်က သူနာပြု ဆရာမများအား ပြောကြားခဲ့သည်။


 ရှေးယခင် ကတည်းက သူနာပြုဆရာမများ၏ ဆက်ဆံရေး မပြေပြစ်မှုများအား လူအများ ဝေဖ န်ပြောဆိုမှုများ ရှိခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံတော်သမ္မတထံ တိုင်ကြားမှုများပါ ရှိလာခြင်း ဖြစ်သည်။ “ကျွန်မအဖေ ဆေးရုံတက်တုန်းက စစ်ဆေးမှုတွေ လုပ်တဲ့အခါ လူနာတစ်ယောက် တည်းကိုပဲ ဝင်ခိုင်းတယ်။ အဖေက နားမကောင်းတော့ ဘာတွေပြောပြီး ဘာတွေမှာလိုက်လဲ မသိဘူး။ အဲဒီတော့ မသိလို့ သွားမေးရင်လည်း ပြောပြီးသားကို ဘာလို့ ထပ်လာမေးနေတာလဲ ဆိုပြီး အော်တယ်။ ဖြေရင်လည်း ကောင်းကောင်းမွန်မွန် မဟုတ်ဘူး။ တစ်ချိန်လုံး အော်ငေါက်နေတာ” ဟု လူနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ “တချို့လူနာတွေကလည်း ဆူမှရတယ် ဆိုပေမယ့် ဒီခေတ်ဒီအခါ မှာ ဆက်ဆံရေးကို အတတ်နိုင်ဆုံး ပြေပြေပြစ်ပြစ် ဆောင်ရွက်ဖို့ လိုပါတယ်။ 

စည်းကမ်းပိုင်းကို ခိုင်ခိုင်မာမာ လုပ်တယ်ဆိုပေမယ့် ပြောတဲ့အခါမှာ ညင်ညင်သာသာ ပြောဖို့ အဲဒါကို ဆရာမကြီးတွေက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆင့်ကမ်းပေးပါ” ဟု ဒေါက်တာဖေသက်ခင်က တိုက်တွန်း ပြောကြားခဲ့သည်။ သူနာပြုဆရာမများ အနေဖြင့် လူနာများဘက်မှ ရိုင်းရိုင်းပျပျ ဆက်ဆံမှုများကို ခေါင်းငုံ့ ခံခဲ့ရသည်များလည်း ရှိကြောင်း သူနာပြုဆရာမတစ်ဦးက တုံ့ပြန် ပြောဆိုခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် 7 Day News ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်