Pages

Wednesday, February 20, 2013

အာရှအဆင့် အွန်လိုင်းဂိမ်း မြန်မာဝင်ပြိုင်မည်


စင်ကာပူနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် အာရှအဆင့် အွန်လိုင်းဂိမ်းပြိုင်ပွဲ (Arma-ggeddon Grand Slam Asia 2013) သို့ မြန်မာနိုင်ငံမှ သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Technovation ကုမ္ပဏီမှ သိရသည်။ ၎င်းဂိမ်းပြိုင်ပွဲကို မတ်လတွင် ကျင်းပမည်ဖြစ်ပြီး စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဂျပန်၊ ကိုရီားး၊ တရုတ် (တိုင်ပေ)နှင့်ေ ဟာင်ေ ကာင်မှ ပြိုင်ပွဲဝင်များမှာ အွန်လိုင်းမှ ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စင်ကာ ပူနိုင်ငံ၌ သွားရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံကိုယ်စားပြု အသင်းရွေးချယ်မည်ဖြစ်ပြီး ၎င်းရွေး ချယ်ပွဲအား ဖေဖော်ဝါရီလ ၂၂၊ ၂၃ နှင့် ၂၄ ရက်များ တွင် ကျင်းပမည်ဖြစ်သည်။ ကိုယ်စားပြုပြည်တွင်း အသင်းပြိုင်ပွဲတွင် အသင်း ၆၄ သင်း ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အဆိုပါ အသင်းများမှ တစ်သင်းကိုသာ Myanmar Champion အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Technovation မှ ကိုကျော်ဆန်းက ပြောသည်။ “မြန်မာနိုင်ငံမှာလည်း ဒီအွန်လိုင်းဂိမ်းကို တော်တော်များများ ကစားလာကြတာမို့ ဒီဂိမ်းနဲ့ပဲ ပြည်ပကို ထိုးဖောက်စေချင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ အွန်လိုင်းဂိမ်းပြိုင်ပွဲတွင် Dota 2 ဂိမ်းဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပြည်တွင်းပြိုင်ပွဲအတွက် Red Link ကုမ္ပဏီမှ အင်တာနက်ရရှိစေရန် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်