Pages

Wednesday, February 20, 2013

ဒေသတွင်းဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရာတွင် တိုင်းရင်းသား လူငယ်များ ဦးစားပေး ခန့်မည်

ဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရာတွင် ဒေသခံတိုင်းရင်းသား လူငယ်များကို ဦးစားပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသူ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ပြောသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သော ဦးမန်းမောင်မောင်ဥာဏ်နှင့် ဦးငွန်မာင်းတို့အား ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန် ပေးအပ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြေညာစာ ထုတ်ပြန်သည်။ “တိုင်းရင်းသားတွေကို အမှုထမ်းနိုင်အောင် ကျွန်တော်တို့က အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးရမှာပေါ့” ဟု ဦးငွန်မောင်းက ပြောသည်။


 ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ရာထူးများကို ရွေးချယ်ရာတွင် ဒေသခံတိုင်းရင်းသား လူငယ်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သတ်မှတ်ထားသော အရည်အချင်းကို ကိုက်မီပါက အားနည်းချက်အချို့ ရှိစေကာမူ ဦးစားပေး ခန့်အပ်သွားမည် ဖြစ်ကြောင်း ဦးမန်းမောင်မောင် ဥာဏ် က ပြောသည်။ ယင်းသို့ ရာထူးဝန် အဖွဲ့တွင် တိုင်းရင်းသားများအား ခန့်အပ်တာဝန်ပေးခြင်းကို ကြိုဆိုသော် လည်း အစိုးရယန္တရားတွင် တိုင်းရင်းသား လူငယ်များ မည်မျှပါဝင်ခွင့်ရမည် ကို စောင့် ကြည့် ရ မည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦလိုင်းကျဲအို အိမ်ထောင်က ဆိုသည်။ ဌာန ဆိုင်ရာဝန် ထမ်း များ ရွေးချယ်ခန့်ထားခြင်း၊ ပြောင်းရွှေ့ တာဝန်ချထားခြင်း၊ ရာထူးတိုးမြှင့် ခန့်ထားခြင်း ပြုလုပ်ရာတွင် သက်ဆိုင် ရာ ဒေသခံ တိုင်းရင်းသားများကို ဦးစားပေး ခန့်အပ်ဆောင် ရွက်သွားရန် တိုက်တွန်း သည့် ကြေညာချက်တစ်စောင်ကို ညီနောင်တိုင်းရင်းသား ပါတီများက ၂၀၁၂ သြဂုတ် လ အတွင်းက ထုတ်ပြန် ခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် 7 Day News ဂျာနယ် တွင် ဖော်ပြ ထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်