Pages

Wednesday, February 20, 2013

ဆေးခန်းတွင် ဆရာဝန်မရှိ ၊ သူနာပြုမရှိ ၊ ဆေး မလုံလောက် ၊ ဆက်ဆံရေး ရိုင်းစိုင်းလျှင် ဘယ်ပြည်သူမှ လူမှု ဖူလုံရေးကို အားကိုးမည် မဟုတ်ဟုဆို

လူမှုဖူလုံရေး စီမံကိန်းသည် ကျန်း မာရေး စောင့်ရှောက်မှုဖြစ်ပြီး ဘယ်လိုပဲ စည်းရုံးရေး စကားေ တြွေ ပာပြော၊ ဥပဒေ ကြီးက  ဘယ်လောက်ပဲ  နိုင်ငံတကာ အဆင့် မီမီဆေးခန်းမှာ ဆရာဝန်မရှိရင်၊ သူနာပြု မရှိရင်၊ ဆေး မလုံလောက်ရင်၊ ဆက်ဆံရေးရိုင်းစိုင်းနေရင် ဘယ်ပြည်သူ လူထုကမှ လူမှုဖူလုံရေး စီမံကိန်း ကို အားကိုးကြမှာ မဟုတ်ဘူးဆိုတာကို လူမှု  ဖူလုံရေး  ရုံးခွဲတာဝန်ခံများ၊ စစ်ဆေး  ရေးမှူးများ ဆရာဝန်များနှင့် တွေ့ဆုံပွဲ တွင်အလုပ်သမားအလုပ် အကိုင်နှင့် လူမှု ဖူလုံရေး  ၀န်ကြီးဌာန ဒုတိယ၀န် ကြီး ဒေါ်ဝင်းမာထွန်းက ပြောသည်။
 
“၁၉၅၆ ခုနှစ်က စတင်ခဲ့တဲ့  လူမှု ဖူလုံရေး စီမံကိန်းဟာခုအချိန်မှာ ပြောင်း လဲမှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်။ အရင် တုန်းကလိုပဲ  အတွေးအခေါ် ဟောင်း၊ အကျင့်  ဟောင်းတွေကို ဆက်လုပ်နေ မယ်ဆိုရင် တစ်ယောက်တည်းအန္တရာယ်   ရှိသလိုအဖွဲ့အတွက်လည်း အန္တရာယ်ရှိ ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၃၁) ရက်မှာလူမှုဖူလုံရေးဥပဒေသစ်ကို ရေးဆွဲ အတည် ပြုပြီးပါပြီ။ ဥပဒေကိုအကောင် အထည်ဖော်နို င်ဖို့ နည်းဥပဒေများကိုလည်း ရေးဆွဲနေပါပြီ။ ကွန်ပျူတာနဲ့ ဖတ်ရှုနိုင်တဲ့ လူမှုဖူလုံရေးအာ မခံစိစစ်ရေးကတ်များ ကိုလည်း ထုတ်လုပ်အသုံးပြုနိုင်ဖို့ကြိုးစား နေပါတယ်”ဟု ၎င်းကဆိုသည်။

အလုပ်သမားများရဲ့အချက်အလက် တွေ ထည့်ဝင်ကြေးမှတ်တမ်းတွေအကျိုး ခံစားခွင့်ငွေကြေးပမာ ဏတွေဟာ ယခင်က တိတိကျ ကျမှတ်မှတ်သားသားမရှိခဲ့ရာ ယခုအခါအမှတ်မထားရင်ပြဿနာပေါ်  လာမည့် အခြေအနေသို့ ရောက်ရှိလာ ကြောင်း၊ ဒီပြောင်းလဲမှုကို သတိမမူဘဲ အရင်လိုစာရင်းသွင်း ကြမယ်ဆိုရင် ကွန် ပျူတာပရိုဂရမ်ကလက်ခံမှာမဟုတ်သလို မှားယွင်းစွာ စာရင်းသွင်းမိတဲ့အတွက် အလုပ်သမားက နစ်နာသလိုစာရင်းသွင်း  သူကတာဝန်ယူရမည်ဖြစ်ကြောင်း၊အလုပ် သမားအင်အား ထိန်းချုပ်ခြ င်း မပြုဖို့၊ လုပ်ခလစာငွေလျှော့ မပြဖို့၊ လုပ်ငန်းရှင် တွေကို ပြောဆိုစည်းရုံးလုပ်ကိုင်နိုင် ဖို့လို ကြောင်း၊ မိ မိကိုယ်တိုင် လုပ်ငန်းရှင်နှင့် ပူးပေါင်းပြီး ထိန်ချန်မှုတွေလုပ်တယ်ဆို တာ ပေါ်ပေါက် လာရင် မိမိရဲ့တာဝန် ပေါ့ဆမှုအလျောက် ပြဿနာပိုမိုကြီးမား လာနိုင်ပြီး အရေးယူခံရမည်ဖြစ်ကြောင်း ကို ၎င်းက ဆက်လက်ပြောသည်။

မိမိတာဝန်ဟာ ဘာလဲဆိုတာ နား လည်ပြီး  ဒီတာဝန်ကို ကျေပွန်အောင် ကြိုးစား ကြရမည်ဖြစ်ကြောင်း၊ ၀န်ထမ်း အချင်းချင်း သင့်မြတ်အောင်နေ ထိုင်ကြ ပြီး အချင်းချင်း အပြန်အလှန်  ရိုင်းပင်း ကူညီမူနဲ့ လုပ်ကိုင်တာဝန် ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းဟာ အခြေခံလူတန်း စားအလုပ် သမား များရဲ့ ကျန်းမာရေး စောင့်ရှောက်မူ၊ ဘ၀လုံခြုံ စိတ်ချရမှုတွေကိုဖန်တီးပေးနေ တဲ့ကု သိုလ် ဖြစ်စေတဲ့ လုပ် ငန်း ကြီးတစ်ခု ဖြစ်တယ် ဆိုတာနားလည်သဘော ပေါက်ပြီး ဂုဏ် ယူကြရ မည်ဖြစ်ကြောင်း ၊သက် သက်သာ သာနေချင်တဲ့စိတ်၊အချောင်ခိုချင်တဲ့စိတ်၊ အနစ်နာမခံလိုတဲ့စိတ်၊ အကျိုး အမြတ်ရှိ မှ လုပ်ကိုင်လိုတဲ့ စိတ်၊ တာဝန်မယူခေါင်း ရှောင်ချင်တဲ့ စိတ်တွေကိုဖျောက်ဖျက် ပစ်ကြရ မည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေး စီမံကိန်းသစ်ကြီးအောင်မြင်စွာ ပေါ်ထွန်း လာစေဖို့အားလုံးတက်ညီ လက်ညီ လက်တွဲ ဆောင်ရွက်သွားကြဖို့  လို့ကြောင်းကို ထပ်မံပြောကြားသည်။
 
Hot News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်