Pages

Saturday, January 18, 2014

အေပီ နှင့် ဧရာဝတီ သတင်း ဌာန တို့က ရခိုင် ပြည်နယ် ၌ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့ကြောင်း သတင်းမှား များ ထုတ်လွှင့် ဖော်ပြ

ဇန်နဝါရီ ၁၃ ရက်တွင် ရခိုင် ပြည်နယ် မောင်တော မြို့နယ် ၌ ရဲ တပ်ကြပ်ကြီး တစ်ဦး ပျောက်ဆုံးမှု သတင်း နှင့် ပတ်သက် ၍ သတင်း ဆက် အဖြစ် အေပီ သတင်း ဌာန က " မောင်တော ဒေသ တွင် ရိုဟင်ဂျာ မိန်းမ နှင့် ကလေးများ မှာ ဒါးဖြင့် အခုတ်ခံ ရကြောင်း၊ သို့သော် အရေ အတွက် များစွာ ကွဲလွဲ လျက် ရှိကြောင်း၊ အချို့ သတင်း ရပ်ကွက် များက သေဆုံး သူ ၅ ယောက် မှ ၁၀ ယောက် အတွင်း သာ သတ်မှတ် ကြ သော်လည်း မောင်တော မြို့နယ် ဒေသခံ တစ်ဦး ၏ အဆို အရ သေဆုံး သူ ၄၀ ခန့် ရှိကြောင်း၊ သေဆုံး သူ အချို့ ၏ ဒဏ်ရာ များမှာ ဓါးဒဏ်ရာ များ သာ ဖြစ်ကြောင်း၊ သေနတ် ဖြင့် ပစ်သတ် ခံရခြင်း၊ ရိုက်သတ် ခံရခြင်း မတွေ့ ရ ကြောင်း၊ သို့ဖြစ် ရာ ရခိုင် ဗုဒ္ဓ ဘာသာ တို့၏ လက်ချက် သာ ဖြစ်နိုင် ပြီး တပ် သို့မဟုတ် ရဲ တို့၏ လက်ချက် မဖြစ် နိုင် ကြောင်း" စသည် ဖြင့် သတင်း ရရှိ ကြောင်း ဖော်ပြ ထားသည်။

အလားတူ ဧရာဝတီ သတင်း ဌာန က ဖော်ပြ ရာတွင် " ပူးပေါင်း တပ်ဖွဲ့ဝင် များနှင့် ရခိုင် ရွာသား များက အဆိုပါ ရွာ အတွင်း အိမ်များစွာ ကို လုယက် ခဲ့ကြောင်း၊ ယောင်္ကျား များမှာ ထွက်ပြေး ကြသဖြင့် မိန်းမ နှင့် ကလေးများ အသတ်ခံ ခဲ့ရကြောင်း၊ အချို့ အမျိုးသမီး များ မတရား ပြုကျင့် ခံခဲ့ ရကြောင်း၊ သေဆုံး သူ တိတိ ကျကျ မသိနိုင် သော်လည်း ရရှိ သော သတင်း များ အရ သေဆုံး သူ ၁၀ ဦးမှ ၆၀ အတွင်း ဖြစ်ကြောင်း၊ သေနတ် ဒဏ်ရာ ဖြင့် သေဆုံး ခြင်း မျိုး မဟုတ် ဘဲ ဒါး ဒဏ်ရာ ဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း" ဖော်ပြ ခဲ့သည်။

အဆိုပါ သတင်း နှင့် ပတ်သက် ၍ မောင်တော ဒေသ တွင် လုံခြုံရေး တာဝန် ထမ်းဆောင် နေ သော ရဲမှူးချုပ် တင်ကိုကို အား ဆက်သွယ် မေးမြန်းရာ ၎င်း က " ယင်း သတင်း ဌာနများ ၏ ဖော်ပြချက် သည် လုံးဝ မှန်ကန် မှု မရှိကြောင်း၊ ဤ ဒေသ တစ်ဝိုက် တွင် တည်ငြိမ် မှု ရှိနေ ကြောင်း၊ ယင်းသို့ ဖော်ပြ ချက် များမှာ ဆူပူမှု ဖြစ်ပွား ရန် အတွက် သွေးထိုး လှုံဆော် သော သတင်း အမှား များသာ ဖြစ်ကြောင်း" ပြန်လည် ဖြေကြား ခဲ့သည်။ အေပီ သတင်း ဌာန နှင့် ဧရာဝတီ သတင်း ဌာန တို့၏ ဖော်ပြချက် တွင် ပါရှိသည့် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခ ကြောင့် သတ်ဖြတ် ခြင်း ခံရ သည် ဟု ဆိုလိုရာ ရောက်သော ရေးသား ချက် များမှာ သွေးထိုး လှုံ့ ဆော်မှု ပြုသော သတင်း အရေး အသား များ ဖြစ်ကြောင်း တွေ့ရှိ ရသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်