Pages

Wednesday, March 20, 2013

FEC ရုပ်လျှင် အချိန်အကန့်အသတ်ဖြင့် ကန်ဒေါ်လာတန်ဖိုးအတိုင်း ငွေပြန်လဲပေးမည်

ကြားခံငွေအဖြစ် သုံးစွဲလျက်ရှိသော FEC အား ရုပ်သိမ်းပါက သုံးစွဲသူများ နစ်နာမှုမရှိစေရန် အချိန်အကန့်အသတ်ဖြင့် ကန်ဒေါ်လာ တန်ဖိုးအတိုင်း လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ 

ကြားခံငွေအဖြစ် သုံးစွဲလျက်ရှိသော FEC အား ပြန်လည်ရွေးနုတ်ယူမည့် ကြေညာချက် ထုတ်ပြန်ပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူညီမှု ရယူပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားပြီး သဝဏ်လွှာနှင့် စပ်လျဉ်း၍ မတ်လ ၂၀ ရက်တွင် ပြည်ထောင်စုအဆင့် ရာထူးဝန်အဖွဲ့မှ ဖတ်ကြားရှင်းလင်းကာ လွှတ်တော်၏ အဆုံးအဖြတ် ရယူရန် စီစဉ်ထားကြောင်း သိရသည်။ 


ထိုကဲ့သို့ FEC ငွေကြေးကို သုံးစွဲမှု ရပ်ဆိုင်းသွားမည့် အစီအစဉ်တွင် သုံးစွဲကိုင်ဆောင်သူများ နစ်နာမှုမရှိစေရန် ကြိုတင်အသိပေးခြင်း၊ လက်ဝယ်ကိုင်ဆောင်သူများကို ကန်ဒေါ်လာ သို့မဟုတ် မြန်မာငွေကျပ်ဖြင့် ပေါက်ဈေး တန်ဖိုးနှင့် တူညီစွာ ဗဟိုဘဏ်မှ လဲလှယ်ပေးသွားမည် ဖြစ်သည်။ ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ်က “သုံးစွဲမှုကို ရုပ်သိမ်းမယ်ဆိုရင် အပိုင်း ၁ က သုံးအပ်စနစ်၊ ၂ က လုံးဝသုံးလို့မရတော့ဘူး၊ ဒါပေမယ့် ဗဟိုဘဏ်ကို လာအပ်လို့ရတယ်။ FEC တစ်ဒေါ်လာကို ကန်ဒေါ်လာ တစ်ဒေါ်လာအတိုင်း ပေးမယ်။ ဒါကိုမှ မလိုချင်ရင် မြန်မာငွေပေးမယ်၊ မသိလိုက်တဲ့ သူတွေအတွက် အချိန်အတိုင်းအတာ တစ်ခုပေးဦးမှာပါ၊ FEC လက်ဝယ် ကိုင်ထားသူတိုင်း စိတ်ပူပန်မှု ရှိဖို့မလိုဘူးလို့ ပြောချင်ပါတယ်။ 

အမေရိကန်ဒေါ်လာအစား သုံးစွဲဖို့အတွက် နိုင်ငံတော်ဗဟိုဘဏ် ကိုယ်တိုင် ရိုပ်နှိပ်ထုတ်ဝေထားတဲ့ ငွေကြေးပဲ” ဟု ၄င်းကထပ်လောင်း ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးသွားနိုင်မည့် အခြေအနေသာရှိကြောင်း ကိုယ်စားလှယ်တို့၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်