Pages

Wednesday, March 20, 2013

၁၃၇၄ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဆောက်လုပ်

၁၃၇၄ ခုနှစ် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့၌ စတင် ဆောက်လုပ်လျက် ရှိသည်။ ဖျော်ဖြေမှု အပိုင်းတွင်လည်း အဆိုတော်ကြီးများ ဖြစ်သော မြန်မာပြည်သိန်းတန်၊ မန္တလေးသိန်းဇော်၊ ခင်မောင်ထူး၊ ဂျက်မြသောင်း၊ ဘိုဘိုဟန်၊ သန်းမြတ်စိုး၊ ကြည်သာ(ပွဲကြိုက်ခင်)၊ ဖြိုးကြီး၊ ဟဲလေး၊ သားစိုး၊ ညီနန္ဒ၊ ဒီယံ၊ ဝေလျှံ၊ မေခလာ၊ ကော်နီ၊ မေကဗျာ၊ အိမ့်ချစ်၊ အယ်လ်ဆိုင်းဇီ၊ မှူးရတနာ အပါအဝင် အနုပညာရှင်များက မန္တလေးမြို့တော် စည်ပင် ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်အတူ ဖျော်ဖြေမည်ဖြစ်ပြီး သင်္ကြန်မဏ္ဍပ် အလှပြိုင်ပွဲ၊ အလှပြယာဉ်ပြိုင်ပွဲ၊ ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲ၊ မြို့တော်ဝန်မဏ္ဍပ် ဒီဇိုင်းပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ပြီး ဆုများ ချီးမြှင့်သွားမည် ဖြစ်သည်။ 


မန္တလေးကျုံး ဘေးပတ်လည်၌ တည်ဆောက်လိုသော မဏ္ဍပ်များ အနေဖြင့် အာမခံကြေး ကျပ်ငါးသိန်း ပေးသွင်းရမည်ဖြစ်ပြီး ကန်တော်ကြီး ပတ်လည်နှင့် မြို့တွင်းနေရာ၌ တည်ဆောက်သော မဏ္ဍပ်များ အာမခံကြေးပေးရန် မလိုကြောင်း တီးဝိုင်းပါလျှင် ရေပိုက် ၂၀၀ နှင့် တီးဝိုင်း မပါလျှင် ရေပိုက် ၈၀ အထိ တပ်ဆင်နိုင်ပြီး မဏ္ဍပ်များ၌ စီးကရက်၊ ဆေးလိပ်၊ ဘီယာ၊ အရက်ကြော်ငြာများ ကပ်ခြင်း မပြုရကြောင်း၊ မဏ္ဍပ်အောက်၌ ရေလောင်းအိမ်သာ၊ အမှိုက်ကန်များ ထားရှိရမည်ဖြစ်ကြောင်း သိရသည်။ မတ် ၁၃ ရက်တွင် မဟာသင်္ကြန်မဏ္ဍပ် စည်ပင်သာယာရေး ကော်မတီရုံးတွင် မဲစနစ်ဖြင့် နေရာချထား ပေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ တွင်  ဖော်ပြထားပါသည်။ 

KLN

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်