Pages

Wednesday, March 20, 2013

လူနှင့်မဟုတ်၊ မူဖြင့် အုပ်ချုပ်နေသည်ဟု သူရ ဦးရွှေမန်း ဆို



မြန်မာနိုင်ငံမှာ လူနဲ့ အုပ်ချုပ်တာ မဟုတ်ပါကြောင်း၊ ယခုအခါ မူနဲ့ အုပ်ချုပ်နေတာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ 
ယနေ့ ကာလသည် “ လူနှင့် အုပ်ချုပ်ခြင်းမဟုတ်ဘဲ မူဖြင့် အုပ်ချုပ်နေခြင်းဖြစ်ကြောင်း’’ အဆိုပါမူများက လွှတ် တော်က ဆောင်ရွက်နေခြင်ြး ဖစ်ကြောင်း၊ ဥပဒေကြမ်းများကို လွှတ်တော်နှစ်ခုက သဘောတူလျှ င်ပြည်ေ ထာင်စု လွှတ်တော်က ဥပဒေအဖြစ် အတည်ပြုပေးရကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေ မန်း က ရန်ကုန် တိုင်း၊ ဒလမြို့နယ်ဒေသ ခံတွေနဲ့ မတ်လ ၁၆ ရက်နေ့ က တွေ့ဆုံစဉ် ပြောသွား တာပါ။ 
 
လွှတ်တော်က ချမှတ် သဘောတူလိုက်သည့် ဥပဒေကြမ်းများကို သမ္မတက (၁၅)ရက်အတွင်း အတည်ပြု ပေး ရကြောင်း၊ မှတ်ချက်နှင့် ပြန်ပို့လျှင် လွှတ်တော်က ပြန်လည်ဆွေးနွေးပြီး မူလအတိုင်း အတည်ပြုပါက လက်မှတ် မထိုးလျှင်(၁၅)ရက်အတွင်းအတည်ဖြစ်ကြောင်း၊ လွှတ်တော်က တင်သွင်းသည့် ဥပဒေကြမ်း သည် ပြည်သူက ရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ သာမ က ကော်မတီများ၊ ပညာရှင် များ ကပါ ပါဝင်ဆောင် ရွက်ခြင်းဖြစ်၍ပြည်သူက ပြဌာန်းခြင်းဖြစ်ကြောင်း၊ ပြဋ္ဌာန်းပြီးလျှင် အားလုံးက လိုက် နာ ရ မည်ဖြစ်ကြောင်း၊ ပြည် သူ့ ဆန္ဒ၊ ပြည်သူ့ အသံ၊ ပြည်သူ့သဘော ထားဖြင့် အုပ်ချုပ်သည့် ခေတ် တစ်ခေတ် ဖြစ်ကြောင်းလည်း သူရ ဦးရွှေမန်း က ပြောသွားခဲ့ကြောင်း ပြည်သူ့လွှတ်တော် အွန်လိုင်းသတင်း မှာ ဖော်ပြထားပါတယ်။ 
တကယ်ဘဲ လူနဲ့ အုပ်ချုပ်နေတာလား၊ မူနဲ့ အုပ်ချုပ်နေတာလားဆိုတာ စာဖတ်သူများ ဘယ်လို သုံးသပ်မိပါ သ လဲ။ မြန်မာနိုင်ငံဟာ အချိန်တိုတို အတွင်း လူနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ရာက မူနဲ့ အုပ်ချုပ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေးစနစ်ကို ပြောင်းလဲကျင့်သုံးတဲ့ ခေတ်ပြောင်းနေပြီ လားဆိုတာ စာဖတ်သူများ သိကြမယ် ထင်ပါတယ်။

Irrawaddy

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်