Pages

Wednesday, March 20, 2013

၇ ရက် သားသမီးကို လိမ်လည် သော ၇ ရက် ဂျာနယ်ဟု ဝေဖန် ခံရသည့် 7Day မှ ပြိုင်ကား သတင်း

 
ပြိုင်ကား ပိုင်ရှင်ကို သတ်ပြီး ကားလုပြေးသည့် အမှုအား ပြိုင်ကား မုန်းသည့် ဂျာနယ်တို့ လက်သို့ ရောက် သည့်အခါ ပြိုင်ကား တစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသား တစ်ဦးအား ပစ်ချခဲ့ဟု ဖြစ်သွားတော့သည်။
 
====================================
 
မူရင်းဖြစ်စဉ်က ......  ပြိုင်ကားပိုင်ရှင် အား ၊ သတ်ဖြတ်ပြီး ကားလုပြေးတာပါ ။ 
သောက်တလွဲ ဂျာနယ်မှ တင်လိုက်သည်ကား ........ ။ ဤကဲ့သို့ ဖြစ်လေရောဗျာ ...........  ပြိုင်ကားတစ်စီးက ဓားဒဏ်ရာနှင့် အမျိုးသားတစ်ဦးအား ပစ်ချခဲ့မှုဖြစ်ပွားခဲ့သည်။ ယနေ့ မတ်လ ၁၉ ရက် တွင် တရားခံဟု ယူဆသူအား ဖမ်းမိခဲ့ပြီး စစ်ဆေးလျက်ရှိရာ ဖြစ်စဉ်အသေးစိတ်အား ထုတ်ပြန်ခြင်း မပြုေ သးကြောင်း။ 
 
မီဒီယာ ဆိုသည်မှာ အဘယ်နည်း ?
 
တိကျသော သတင်းအား ပြည်သူများ သိရှိစေရန် တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည် ။ ထို ကဲ့သို့ တရား ခံ နှင့် အသတ်ခံရသူအား ထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းမျိုး ၊ အရေးအသား မျိုး တင်သော ဂျာနယ်မှာ မီဒီယာ ဆောင်ပုဒ်ဖြင့် ကိုက်ညီမူ့ လုံးဝ မရှိပေ ။မီဒီ ယာ လောကအား သိက္ခာ ကျဆင်းစေ သကဲ့ သို့ ၊ စာဖတ်သူ ပြည်သူ လူထုအား စော်ကားရာလည်း ရောက် ပါတယ် ။ 
 
အဘယ့်ကြောင့် သောက်တလွဲများ တင်ရလေ သနည်း ။ 
ထိုကဲသို့ မှားယွင်းမူ့မှာ မည်သူတို့အား ထိခိုက်စေသနည်း ။
မြန်မာ ပြည်သူလူထုအား စော်ကားရာရောက်ပါတယ်ဗျာ ။
ပြောချင်တာ ပြောမယ် ။ ပြည်သူတွေယုံပြီးရော ဆိုပြီး မတင်ပါနဲ့လား ။
၇ ရက်ဂျာနယ်က ဤကဲ့သို့ စော်ကားရန် မသင့် ။
တလက်စတည်း ။ ထိုကဲ့သို့ မှားယွင်းသော သတင်းအား ပြန်လည် မဖြေရှင်းသေးသော ရဲတပ်ဖွဲ့တွင်လည်း တာဝန်ရှိသည်ဟု ထင်ရပါသည် ။
၎င်းတို့ တင်သော သတင်းကြောင့် မည်သူတွေ အားထိခိုက်စေသည်ကို ၊ ၄င်းတို့ ဂရုမစိုက်ခြင်းလော ။ အလေး မထားခြင်းလော ။ ငါ မီဒီယာ ငါတင်ချင်တာ တင်မည်ဟု ငါဆိုတဲ့ အတ္တကို ကိုင်ဆွဲပြီး ပြည်သူေ တွအား လိမ်လည်ခြင်းများဖြင့် သတ်ဖြတ်နေခြင်း ဖြစ်သည်ဟုသာ ထင်မြင်မိပါတော့သည် ။
 
Phay Sit Gyi

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်