Pages

Wednesday, March 20, 2013

နှစ်ပေါင်းများစွာ ခွင့်ပြုချက်မဲ့ခဲ့သော ရခိုင်စာပေ တရားဝင် သင်ခွင့်ရတော့မည်

သမိုင်းစဉ်တစ်လျှောက် ခွင့်ပြုချက်မရခဲ့သော ရခိုင်စာပေကို လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအောက် အဆင့်၌ တရားဝင် သင်ကြားခွင့်ပေးလိုက်ပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်မှ ဥပဒေချုပ် ဦးလှသိန်း၊ စက်မှုဝန်ကြီး ဦးသာလူချေနှင့် စစ်တွေတက္ကသိုလ်မှ ပညာရှင်များ၊ အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်သည့် ၂၇ ဦးအဖွဲ့ကို ပြည်နယ်အစိုးရက မတ်လ ၅ ရက်နေ့တွင် ရခိုင်စာပေကို သင်ရိုးညွှန်းတမ်း ရေးဆွဲရန် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပြီး မတ်လ ၉ ရက်နေ့ ညနေတွင် ရခိုင်သင်ပုန်းကြီး ဖတ်စာကို ပထမအဆင့် အနေဖြင့် ရေးဆွဲမှု ပြီးစီးသွားခဲ့ကြောင်း အဖွဲ့ဝင်အဖြစ် ပါဝင်သူ ဦးကျော်ရွှေမောင်က ပြောသည်။ 

“အပြောကို အခြေခံပြီး ရေးဆွဲထားပါတယ်။ အက္ခရာနဲ့ စာကို မသိတဲ့သူတွေ ရှိတယ်။ အခု ရေးဆွဲထားတဲ့ အက္ခရာက မြောက်ဦးခေတ် အဝိုင်းအက္ခရာကို ရခိုင်အက္ခရာအဖြစ် အခြေခံပြီး အသုံးပြုထားတယ်” ဟု ၎င်းက ဆိုသည်။ မတ်လ ၁၆ ရက်နေ့တွင် ပထမတန်း၊ ဒုတိယတန်း အဆင့်များ၌ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများ ဆက်လက်ရေးဆွဲခြင်း၊ နွေရာသီ ကျောင်းပိတ်ရက်တွင် ရခိုင်စာပေကို သင်ကြားပေးမည့် ဆရာ၊ ဆရာမများအား သင်တန်းပေးခြင်းတို့ကိုလည်း ကော်မတီ က ဆောင်ရွက် သွားမည်ဟု သိရသည်။ 


၁၁၇၄ ခုနှစ်တွင် ရခိုင်က ထီးနန်းဆုံးရှုံးပြီး မြို့ဝန်ခေတ်၊ ထိုမှ အင်္ဂလိပ်ခေတ်၊ ပြီးလျှင် အစိုးရ အဆက်ဆက်များ နောက်ပိုင်းမှ ယခုတွင် တရားဝင် သင်ကြားနိုင်ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်