Pages

Wednesday, March 20, 2013

ကမ္ဘာ့ကြောက်စရာ အကောင်းဆုံး ရိုလာကိုစတာ

 
 
တစ်နာရီ ၉၃ မိုင်နှုန်းအထိ အမြန်ပြေးပါတယ်။ ပေ ၃၁၀ အထိ အပေါ် တက်ပြီး ပေ ၃၀၀ ပြန်ကျပါတယ်။ အရှည်ပေ ၆၅၉၅ ပေရှိပြီး တစ်ခါစီးရင် ကြာချိန်က ၂ မိနစ်နဲ့ စက္ကန့် ၂၀ပါ။

အမေရိကန်ပြည်ထောင်စု အိုဟီးအိုးပြည်နယ် Sandusky မြို့ မှာ ရှိတဲ့ Cedar Point အမည်ရ အပန်းဖြေကစားကွင်းမှာ တည်ရှိပြီး Millennium Force လို့ အမည်ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး စတီးရိုလာကိုစတာ အဖြစ် ဆုများ ၇ ကြိမ်တိုင်တိုင် ရရှိထားပြီး ၂၀၀၀ ခုနှစ် မေလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် ပါတယ်။

စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၅ သန်းတောင်ရှိပါတယ်။ ကမ္ဘာ့ လူစီးအများဆုံး ရိုလာကိုစတာ စာရင်းထဲမှာ ပါဝင်ပါတယ်။ ၈၀ ဒီဂရီ အထိတောင် စောင်းပြီး သွားလာတဲ့ ယင်း ရိုလာကိုစတာဟာ ကမ္ဘာ့ ကြောက်မက်ဖွယ် အကောင်းဆုံး ရိုလာကိုစတာ အဖြစ်လည်း လူသိ များကြောင်း သိရပါတယ်။
--

TechSpace Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်