Pages

Wednesday, March 20, 2013

မြန်မာ့ အမြင့်ဆုံး ခါကာဘိုရာဇီတောင် အနီးရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက်လိုသူများး Htooဖောင်ဒေးရှင်းသို့ဆက်သွယ်နိင်

 

မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင် ခါကာဘိုရာဇီတောင် အနီးရှိ ဂမ်လန်ရာဇီ တောင်ထိပ်သို့ တက်ရောက်လိုသူများး Htooဖောင်ဒေးရှင်း သို့ဆက်သွယ်ကြောင်းသိရသည်။ ဂမ်လန်ရာဇီတောင်သို့ လိုက်ပါ တောင်တက်လိုသူများ Htoo Foundation Facebook စာမျက်နှာသို့ လာမည့် ဧပြီလ (၅) ရက်နေ့မှ စ၍ Message ပို့ စာရင်းပေးပို့နိင်ပြီး နိုင်ငံခြားသား တောင်တက် ဆရာနှင့် လေ့ကျင့်ပေး မည် ဖြစ်ကြောင်း သိရသည်။

ဂမ်လန်ရာဇီတောင်တက်ရင်း လမ်းတလျှောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ ပူးတွဲ ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သည် များကို စီစဉ်ပေးမည် ဖြစ်ကြောင်းသိရသည်။

အလားတူ Mount Everest ဧဝရက်တောင် သို့ တက်ရောက်ရန် တောင်တက် ဝါသနာပါသူများကို မိမိတို့၏ Htoo Foundation မှ နိုင်ငံတကာတောင်တက်အားကစားနှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ရမည့် Ethic များ၊ Teamwork များ လေ့လာသိရှိနိုင်စေရန် စီစဉ်ပေးမည်ဖြစ်ပြီးတက်ရောက်ရန် ရွေးချယ်ခံရမည့်သူ များအားလည်း နိုင်ငံခြားတွင် သင်တန်းပေးသွားရန် စီစဉ်ထားကြောင်းသိရသည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်