Pages

Wednesday, March 20, 2013

မိုဘိုင်းဖုန်းနှင့် တက်ဘလက်ရှိ အန်းဒရွိုက်စနစ်အား Ubuntu စနစ် ထည့်သွင်းအသုံးပြုရန် ပြည်တွင်းကွန်ပျူတာ ပညာရှင်များ စမ်းသပ်နေ

မိုဘိုင်းဖုန်းနှင့် တက်ဘလက်များကို အန်းဒရွိုက်စနစ်သုံး မောင်းနှင်ရာမှ Ubuntu စနစ်အား ထည့်သွင်း အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းရှိ ကွန်ပျူတာနည်းပညာရှင်များမှ စတင်စမ်းသပ်မှုများ ပြုလုပ်နေ ကြပြီ ဖြ စ်ကြောင်း Ubuntu Myanmmar Loco Team မှ သိရသည်။ 

“အခုတော့ ASUS တက်ဘလက်မှာ စမ်းသပ်ကြည့်နေပါတယ်။ နောက်ပြီးရင်တော့ ပြည်တွင်းမှာ အသုံးများတဲ့ အမှတ်တံဆိပ်တွေကို စမ်းသပ်ထည့်သွင်း ကြည့်မှာပါ” ဟု နည်းပညာကျွမ်းကျင်သူ လူငယ်တစ်ဦးမှ Ubuntu မောင်းနှင်စနစ် ထည့်သွင်း စမ်းသပ်နေမှုအား ပြောကြားသည်။ 

မိုဘိုင်းဖုန်းတွင် ထည့်သွင်းသုံးနိုင်မည့် Ubuntu စနစ်မှာ အန်းဒရွိုက်ဖုန်းများ၌ ပါဝင်သည့် ပုံရိပ်ယောင်ခလုတ် ပုံစံမျိုး ပါဝင်လာတော့မည်မဟုတ်ဘဲ သုံးစွဲသူမှ လိုအပ်သည့်စနစ်သို့ လက်လှုပ်ရှားမှုဖြင့် ရယူနိုင်မည် ဖြစ်သည်။ ထို့ပြင် မော်ဒယ်မြင့် စမတ်ဖုန်းများတွင် ထည့်သွင်း အသုံးပြုပါက မော်နီတာဖြင့် ချိတ်ဆက်၍ ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


 “ဂိမ်းဆော့နေရာကနေ မူလကို ပြန်ထွက်ချင်တယ်ဆိုရင် အန်းဒရွိုက်မှာက ပြန်ထွက်မယ့် ခလုတ်ကို နှိပ်ပြီး ထွက်ရတယ်။ Ubuntu မှာက ထွက်မယ်ဆိုရင် ဖုန်းမျက်နှာပြင်ပေါ်မှာ လက်နဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရုံပဲ” ဟု Ubuntu စနစ် စမ်းသပ်သုံးစွဲနေသည့် နည်းပညာရှင် လူငယ်တစ်ဦးက ပြောသည်။ လက်ရှိတွင် ပြည်တွင်းနည်းပညာသမားများ စု၍ Ubuntu စနစ်၌ ထည့်သွင်း အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းများ ရေးဆွဲနေကြပြီး လူသုံးများသည့် Samsung, HTC နှင့် Huawei အမျိုးအစားများ၌လည်း Ubuntu မောင်းနှင်စနစ် အသုံးပြုနိုင်ရန် စမ်းသပ်မှုများလည်း ပြုလုပ်လျက်ရှိကြောင်း Ubuntu Myanmar Loco Team မှ နည်းပညာရှင် ကိုကိုရဲက ပြောသည်။ 

“အခုဟာက Beta ဗားရှင်းပုံစံနဲ့ နည်းပညာရှင်တွေ စမ်းသပ်ကြည့်ဖို့ ထုတ်တာပါ။ နောက်ပိုင်းတော့ မိုဘိုင်းအသုံးပြုသူတွေ ထည့်သွင်းအသုံးပြုနိုင်အောင် တရားဝင်အနေနဲ့ ထုတ်သွားဖို့ ရှိပါတယ်” ဟု ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်