Pages

Wednesday, March 20, 2013

နိုင်ငံတော် သမ္မတကြီး ယနေ့ နေ့လည်တွင် ဆစ်ဒနီမြို့ မှ မြန်မာနိုင်ငံ သို့ ပြန်လည် ထွက်ခွာ လာမည်

နိုင်ငံတော် သမ္မတကြီးဟာ ဒီနေ့ နေ့လည်မှာ ဆစ်ဒနီမြို့ ကနေ မြန်မာနိုင်ငံ ကို ပြန်လည်ထွက်ခွာပါ့မယ်။ယ ခုခရီးစဉ်အတွင်းမှာ သြစတြေးလျအစိုးရထံကနေ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကဏ္ဍများမှာ အကူအညီပေးဖို့ ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ တပ်မတော်ချင်းဆက်ဆံရေးတွေတိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် တပ်မတော်အရာရှိများ အနေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေး စတဲ့ကဏ္ဍများစွာမှာ နိုင်ငံတကာတပ်မတော်များရဲ့ အတွေ့အကြုံ များ ကို လေ့လာဆည်းပူးခွင့်ရရှိတော့မှာဖြစ်ပါတယ်။

သြစတြေးလျလုပ်ငန်းရှင်များအနေနဲ့လည်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ သတ္တု၊ ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက် နည်းပညာကဏ္ဍများမှာ လာရောက်ရင်းနှီးမြှတ်နှံဖို့ စိတ်ဝင် စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံခရီးစဉ်မှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနဲ့ အကူ အညီပေးရေးတို့ နဲ့ပတ်သက်ပြီး ခိုင်မာတဲ့ကတိက၀တ်များရရှိခဲ့ပါတယ်။ဒါ့ကြောင့်နိုင်ငံတော်သမ္မတကြီးရဲ့ နယူးဇီလန်၊ သြစတြေးလျ ခရီးစဉ် ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်နဲ့ ဆက်လက် ဆောင်ရွက် နိုင်စေရန်အထောက်အကူပြုမယ့် အောင်မြင်တဲ့ ခရီးစဉ်ဖြစ်ေ ကြာင်း တင်ပြလိုပါတယ်။

Ye Htut

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်