Pages

Wednesday, March 20, 2013

ထားဝယ် ခရိုင် လောင်းလုံး မြို့နယ် မျှော်ရစ် ကမ်းခြေတွင် ဝေလငါး အသေ တစ်ကောင် သောင်တင်



ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊မျှော်ရစ်ကမ်းခြေ(ကမ်းပနီ)တွင်မတ်၁၆ရက်နေ့က ဝေလငါးအမျိုးအစား ငါး အသေကောင်တစ်ကောင်လာရောက်သောင်တင်နေကြောင်းသိရသည်။ အဆိုပါ ဝေလငါး သည် ခေါင်း ဖျားမှ အမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့ အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်းဒေသခံရေလုပ်သား ကဆိုသည်။ ၂၀၀၅ ခုနှစ်အတွင်း ကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊ ၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသ ထားကြောင်းသိရသည်။ အခြားဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင် လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။ 





No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်