Pages

Saturday, February 9, 2013

စက်မှုဇုန်ဂျစ်များ ခေတ်နှင့်အညီ Station Wagon ပုံစံ ပြောင်းလဲခွင့်ပြု

ပြည်ပမှ ကားသစ်များ တင်သွင်းလာပြီးနောက် စက်မှုဇုန်ထုတ် ဂျစ်များကို အသုံးပြုသူ နည်းပါးလားပြီး မူလပုံစံများမှာလည်း အသုံးပြုရန် အဆင်မပြေမှုများ ရှိလာသောကြောင့် မည်သည့်စက်မှုဇုန် ဂျစ်ကားကိုမဆို ပြည်တွင်းမှ ထုတ်လုပ်သော Station Wagon (မှန်အလုံပုံစံ) ကိုယ်ထည်များဖြင့် ပြောင်းလဲအသုံးပြုခွင့်ကို ပြီးခဲ့သည့်လ ၂၉ ရက်နေ့မှစ၍ ခွင့်ပြုလိုက်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားခဲ့သည်။ တံခါးနှစ်ပေါက်ပုံစံ ပြည်တွင်းထုတ် ကိုယ်ထည်များကိုသာ ပြောင်းလဲခွင့်ပြုမည်ဖြစ်ပြိး ပြောင်းလဲခ ၂၀၀၀ ကျပ်ခန့် ပေးသွင်းရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမိုးမြင့်က ပြောကြားခဲ့သည်။ “ဂျစ်ကားပိုင်ရှင်တွေ ဒီအတိုင်းရပ်ထားရမယ့်အစား ပြန်အသုံးပြုလို့ရအောင် လုပ်ပေးတာပါ” ဟု ဦးသောင်းလွင်က ပြောပြခဲ့သည်။ စက်မှုဇုန်ဂျစ်များမှာ မကြာသေးခင်ကာလက ထုတ်လုပ်ခဲ့သော်လည်း ကြံ့ခိုင်မှု နည်းသဖြင့် ပုံစံပြောင်းခွင့်အစား ယာဉ်အိုဟောင်းအပ်နှံမှုစနစ်ကဲ့သို့ ကားကိုအပ်ကာ အသင်တင်သွင်းခွင့်ပြုသင့်သည်ဟု ၎င်းကဆိုသည်။ စက်မှုဇုန်ဂျစ်ကားများကို ၂၀၀၆ ခုနှစ်ခန့်မှ စတင်ထုတ်လုပ်စဉ်က ပုံစံနှင့် အင်ဂျင်အနေအထားကိုလိုက်၍ ကျပ်သိန်း ၁၀၀ မှ ၁၈၀ ဈေးပေါက်ခဲ့ပြီး လက်ရှိပေါက်ဈေးမှာ ကျပ်သိန်း ၄၀ ၀န်းကျင်ရှိပြီး ၀ယ်သူမရှိကြောင်း ကားဈေးကွက်အတွင်း စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်