Pages

Saturday, February 9, 2013

အစ္စရေး၏ ဒုံးခွင်းဒုံးစနစ် အိန္ဒိယ၌ ခင်းကျင်းပြသမည်

 
အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ၂၀၁၃ ခုနှစ် လေကြောင်း ပြပွဲတွင် အစ္စရေးနိုင်ငံရှိ ကာကွယ်ရေး နည်းပညာဆိုင်ရာ ထိပ်တန်းကုမ္ပဏီများက ဒုံးခွင်းဒုံး စနစ်တစ်ရပ်ကို ပြသရန်စီစဉ်ထားသည်။ ငါးရက်ကြာ ကျင်းပမည့် အိန္ဒိယ လေကြောင်းပြပွဲ၌ အစ္စရေးကာကွယ်ရေး နည်းပညာကုမ္ပဏီ ၁၂ ခုခန့်က ပါဝင်ပြ သရန် ရွေးချယ် ခံထားရသည်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ကာကွယ်ရေးဆိုင်ရာ ပူးေ ပါင်းေ ဆာင်ရွက်ရေး အာဏာပိုင်အဖွဲ့က ကမကထပြုလျက် ပြပွဲ၌ ပါဝင်ပြသမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ ဘင်္ဂလိုမြို့၌ ကျင်းပမည့် လေကြောင်းပြပွဲ၌ တိုက်ခိုက်ရေး စစ်ဆင်မှုလုပ်ငန်းများ၌ အသုံးပြုနို င်သော စစ်လက်နက်ပစ္စည်းများကို ခင်းကျင်းပြသမည့်အပြင် 'သံလိပ်ခုံး' ဟု အမည်ပေးထားသော ဒုံးခွင်းဒုံး စနစ်တစ်ရပ်ကိုလည်း ပြသသွားမည်ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန် ကြီးဌာ န ၏ ကြေ ညာ ချက်တွင် ဖော်ပြသည်။ လေကြောင်းပြပွဲ၏ အစ္စရေးပြခန်း၌ ဒုံးခွင်းဒုံး ကာကွယ်ရေး နည်းပညာ ကို အေ လးပေးပြသမည်ဖြစ်ပြီး ဒုံးခွင်းဒုံး စနစ်တစ်ရပ်ကို ခင်းကျင်းပြသခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်