Pages

Saturday, February 9, 2013

ဝိုင်းမော်မြို့နယ် “ဇ” ဒုက္ခသည် စခန်း ဆေးဝါးပြတ်လပ်မှု အခက်အခဲ ရင်ဆိုင်နေရ

 
 
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ “ဇ” (Za) ဒုက္ခသည် စခန်းတွင် ဒုက္ခသည် ၅၀ ခန့် ဖျားနာနေသလို ဆေးဝါးများ ပြတ်လပ် နေသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း စခန်းတာ ၀န်ရှိသူများပြောသည်။ ဖျားနာသူ အယောက် ၃၀ ခန့် ဆေးခန်းသို့ နေ့ စဉ် ရောက် ရှိနေေ သာ် လည်း ဆေးဝါး ပြတ်လပ်နေသဖြင့် ရောဂါနှင့် သက်ဆိုင်သည့် ဆေးများ မပေးနိုင်ဘဲ ရောဂါနှင့် နီးစပ် သည့် ဆေးများကိုသာ စပ်ပြီးပေးနေရကြောင်း စခန်းအတွင်း ကျမ်းမာရေး စောင့်ရှောက် ပေးနေသည့် ဆရာ ၀န် ယော်ထုံကပြောသည်။

လွန်ခဲ့သည့် (၁) လခန့်က စတင်၍ ဆေးဝါးနှင့် သောက်သုံးရေများ လိုအပ်နေပြီး လောလောဆယ် အရေးပြား ရောဂါ ဖြစ်ပွားနေသူ ၁၀ ဦး၊ ဝမ်းပျက်ဝမ်း လျှောဖြစ်နေသူ ၄ ဦး၊ ငှက်ဖျားဖြစ်သူ ၄ ဦးနှင့် နှာစေးချောင်းဆိုး ဖြစ်နေသူ အယောက် ၃၀ ကျော် ရှိကြောင်း သိရသည်။ သို့သော် ယနေ့ချိန်ထိ သေဆုံးသူ မရှိသေးကြောင်း သိရသည်။ ယခုအချိန် ရာသီဥတု အပြောင်းအလဲ ကာလသို့ ရောက်ရှိလာသလို ၎င်းစခန်းအတွင်း ဖုံမှုန့် ထူထပ်ပြီး တကိုယ်ရည် သန့်ရှင်းမှု လိုအပ်ချက် ကြောင့် ရောဂါ အမျိုးမျိုးဖြစ်ပွား နေခြင်းဖြစ်သည်ဟု ကျမ်းမာရေးဌာနမှ ပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC မှ အဆိုပါဒုက္ခသည် စခန်းသို့ ဆေးဝါးထောက်ပံ့ ပေးနေသော်လည်း ၃ လမှ ၁ ကြိမ်သာ လာရောက်နိုင်သဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း Za  “ဇ” စခန်း ကျမ်းမာရေးဌာနမှ ဆရာဝန် ယော်ထုံ က KNG ကချင်သတင်း ဌာနသို့ ပြောသည်။

“ဆေးဝါတွေက KBC ကနေ ကူညီနေတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဆေးတွေကို မြစ်ကြီးနားကနေ ဝယ်ပြီးတော့ မန္တလေး-ကန်ပိုင်တီ လမ်းကနေ လာရတယ်။ ဆိုတော့ လမ်းမှာလည်း အစိုးရတပ်တွေက ရှိနေတော့ သူတို့လည်း များများဆေးတွေ မပို့နိုင်ဘူး။ အချိန်တွေကြာသွားတော့ ဆေးတွေက မလောက်ဘူးဖြစ်နေတယ်။” ဟု ပြောသည်။ ထို့အပြင် မိုးတွင်းကာလ မြစ်ချောင်း များမှ သောက် သုံးရေ များကို ရေပိုက်များဖြင့် သွယ်၍ အသုံးပြုနိုင် သော် လည်း နွေရာသီ (နိုက်) မြစ်ချောင်းရေ ခမ်းခြောက် လာသည့်အတွက် ရေ အခက်အခဲ ဖြစ်လာကြောင်း ၎င်းက ဆက်ပြောသည်။

“ရေက အခုပွင့်လင်းရာသီဖြစ်လာတော့ နဂိုကယူနေတဲ့ ရေတွေက ခန်းသွားတော့ အခု ရေကြီးတဲ့ဘက် သွားယူရမယ်ဆိုလဲ ရေပိုက်က မလောက်တော့ အရမ်းခက်နေတယ်။” “ဇ” ဒုက္ခသည်စခန်းတွင် လူဦးရေ ၂,၅၅၆ ဦး ခိုလုံလျက်ရှိပြီး ကူညီပေးသော အဖွဲ့ အစည်းများ လာရောက်ရန် လမ်းခရီး ကြမ်းသည့်အပြင် လုံခြုံရေး အခက်ခဲဖြစ်သည့် ဒေသဖြစ်သည်။

ကချင်သတင်းဌာန  

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်