Pages

Saturday, February 9, 2013

ပုဂ္ဂလိက ဝန်ထမ်းများ ပင်စင် ခံစားခွင့် ရမည်

အစိုးရဝန်ထမ်းများသာ ရရှိနေသော ပင်စင်ခံစားခွင့်ကို လူမှုဖှုလုံရေး ကြေးလပေါင်း၃၆၀ (နှစ်၃၀) အထက် ထည့်ဝင်သော ပုဂ္ဂလိက ဝန်ထမ်းများ လစဉ်ပင်စင်ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း လူမှုဖှုလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။ အမြဲတမ်း အလုပ်လုပ်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ အသက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ ပင်စင် အကျိုးခံစားခွင့်များကို ရရှိလိုသော အလုပ်သမားများ သည် လစဉ် လစာငွေ ၃ ရာခိုင်နှုန်းနှင့် အလုပ်ရှင်က ၃ ရာခိုင်နှုန်းကို လူမှုဖူလုံရေးကြေးအဖြစ် ထည့်ဝင် ရမည်ဖြစ် သည်။ ထည့်ဝင်ကြေးကို ၁၂ လအောက် ထည့်ဝင်ထားသူသည် ထည့်ဝင်ထားသော ငွေများကို တစ်လုံး တစ်ခဲတည်း ထုတ်ယူနိုင်ပြီး ၁၂ လအထက် လပေါင်း ၃၆၀ အောက် ထည့်ဝင်ထားသူက ဆိုပါက ယင်းထည့်ဝင်ငွေ တစ်လုံးတစ်ခဲ ပြန်ထုတ်ယူခွင့်အပြင် လူမှုဖူလုံရေးက သတ်မှတ်ထားသော အတိုးလည်း ရမည်ဖြစ်ကြောင်း လူမှုမူလုံရေးအဖွဲ့ထံမှ သိရှိရသည်။

“အကျိုးခံစားခွင့်တွေ တကယ်ရမယ်ဆိုရင်တော့ လူမှုဖူလုံရေးကြေး ထည့်မှာပေါ့” ဟု ဆေးကုမ္ပဏီ တစ်ခုတွင် ခုနှစ်နှစ်ခန့် လုပ်သက်ရှိ အလုပ်သမား တစ်ဦးက ဆိုသည်။ ယင်းဥပဒေတွင် အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်လည်းပါဝင်ပြီး လူမှုဖူလုံရေးကြေးအဖြစ် အလုပ်ရှင်နှင့် လုပ်သားက လစာ၏ ၁ ရာခိုင်နှုန်း ထည့်သွင်းရမည်ဖြစ်ပြီး အကျိုးခံစားခွင့်အနေဖြင့် နောက်ဆုံး တစ်နှစ်အတွင်း ပျမ်းမျှ လုပ်ခ၏ ၄၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်ကာ အလုပ်လက်မဲ့ အနည်းအများပေါ် မူတည်ပြီး ခံစားခွင့် အပြောင်းအလဲရှိသည်။ ထည့်ဝင်ကြေးကာလ တစ်နှစ်ရှိလျှင် တစ်ဆက်တည်း ရက် ၃၀ ခံစားခွင့်ရ မည်ဖြစ်ပြီး ခြောက်နှစ်နှင့် အထက်ထည့်ဝင်ထားလျှင် တစ်ဆက်တည်းရက် ၁၈၀ အများဆုံးခံစားခွင့် ရရှိမည်ဖြစ် သည်။

လူမှုဖူလုံရေး ဥပဒေတွင် အကျိုးခံစားခွင့်များ ရှိသော်လည်း လူမှုဖူလုံရေးကတ် မရှိသော အလုပ်သမားများစွာ ရှိနေသေးကြောင်း အောင်ကြွေပြားစက်ရုံ အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက ပြောကြားသည်။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်လုပ်နိုင်စွမ်း မရှိမှု အကျိုးခံစားခွင့်၊ အသက်ပြည့် အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ ပင်စင် အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့်စနစ်၊ အလုပ်တွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်၊ အခြားလူမှုဖူလုံရေး အာမခံနစ် (အိမ်ရာစီမံကိန်းများ) တို့ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်