Pages

Saturday, February 9, 2013

ခရီးရှည်လမ်းလျှောက်သူ ၃ ဦး ဆေးကုသခံ

ရန်ကုန်ကနေ ကချင်ပြည်နယ်လိုင်ဇာကို ငြိမ်းချမ်းရေး ခရီးရှည်လျှောက်တဲ့သူတွေထဲက ၃ ဦးဟာ ကျန်း မာရေး အခြေအနေအရ ဆေးကုသ ခံနေရတယ်လို့ ဆိုပါတယ်။ ဒီနေ့ နေ့လယ်စာ စားပြီးတဲ့အချိန် ဆက်လက်လမ်းလျှောက်ခဲ့ရာမှာ မန္တလေးတိုင်း ကူမဲမြို့နဲ့ ၆ မိုင်အကွာ မှာ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ သူတွေထဲက ၃ ဦးဟာ ကျန်းမာရေး အခြေအနေ မကောင်းတဲ့အတွက် ကူမဲကို ပို့ဆောင်ဆေးကု သခံခဲ့ရတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင် ပါဝင်တဲ့ ကိုရန်နိုင် ထွန်း က ပြော ပါတယ်။

ကိုဇင်ဖြိုးဝေက နှာခေါင်းသွေးလျှုံတာကို ခံစားနေရပြီး ကိုထက်အောင်လင်းကတော့ ဗိုက်အောင့်လာသလို သံဃာတော်တပါးက လမ်းလျှောက်ရာမှာ ခလုတ်တိုက်မိပြီး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ကူမဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူမှုရေး အဖွဲ့အစည်းတွေက ကူမဲမြို့မှာ ပြုစုကုသပေးနေတယ်လို့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ကိုဇင်ဖြိုးဝေက နှာခေါင်းသွေးလ်ွံတာက ထမင်းစားပြီး ၂ နာရီလောက် စထွက်တဲ့အချိန်မှာ ဒီဘက်မှာ အရိပ်သိပ်မ ရှိတော့ နေပူတော့ သူ မခံနိုင်ဘူး။ အဲမှာ ၁ ယောက် ဆေးရုံတင်လိုက်ရတယ်။ ကိုထက်အောင် လင်းကလည်း ဗိုက်အောင့်တယ်ဆိုပြီး သူ့ကိုလည်း ကိုဇင်ဖြိုးဝေနဲ့ သိပ်မခြားဘူး။ ၂ ယောက်ကို အရေးပေါ်တ င်လိုက်ရတယ်။ နောက် ၁ နာရီလောက်ခြားတော့ သံဃာတော် ၁ ပါး မြန်မာပြည်ရဲ့ လမ်းက.ချိုင့်ခွက် များတော့ ချိုင့်ထဲကျတာ ရှေ့ကကျောက်တုံးနဲ့ တိုက်မိတာမှာ ခြေထောက်က အဲမှာ အရိုး အက်သွားလား အကြောထိသွားတာလား ခုထိတော့ မသိရသေးဘူး။”

ငြိမ်းချမ်းရေး လမ်းလေ်ွာက်သူတွေဟာ မြို့နယ်တခုကို ရောက်တိုင်း စာရွက်စာ တမ်း ဝေတာ၊   ကြွေးကြော် တာနဲ့ ငြိမ်းချမ်းရေးအလံထောင်တာတွေကို ခွင့်မပြုဘူးဆိုပြီး အာဏာပိုင်တွေက သတိပေး လတ်မှတ် ထိုးခိုင်းတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒီဗွီဘီက ဆက်သွယ်တဲ့ အချိန်မှာတော့ ငြိမ်းချမ်းရေး လမ်းလျောက်တဲ့သူတွေဟာ ကူမဲကို ရောက်ဖို့ ၂ မိုင်လောက်ပဲ လိုတော့သလို ဒီနေ့ညမှာတော့ ကူမဲမှာ ညအိပ် ရပ်နားမယ်လို့ ဆိုပါတယ်။

From:DVB


www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်