Pages

Saturday, February 9, 2013

ပြည်ထောင်စုနေ့ အကြို မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ပိုင်းခရိုင် အမျိုးသမီး ရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသော ၂၀၁၃ ခုနှစ် ၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အကြို မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ဟောပြောပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီက ရွှေပြည်သာ မြို့နယ် ၊ အထက(၁) ကျောင်း ၊ ရွှေပြည် ရတနာ ခန်းပ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
 
ဟောပြောပွဲတွင် မြောက်ပိုင်း ခရိုင် အမျိုးသမီး ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းဆီထွန်း က အဖွင့်အမှာ စကား ပြောကြားပြီး နောက် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ရွှေပြည်သာ မြို့နယ်မှ စာရေးဆရာ ဦးခင်မောင်အေး က မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး နှင့် စပ်လျဉ်း၍ မှတ်သားဖွယ် အသိပညာ ပေးဆိုင်ရာ များကို ဟောပြော သည်။ ဆက်လက်၍ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် အထက်တန်း အဆင့် ၊ အလယ်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ရာ ဆုရှိသူများကို ခရိုင် အမျိုးသမီး ရေးရာ ဥက္ကဋ္ဌ နှင့် မြို့နယ် ဥက္ကဋ္ဌ ဒေါ်ခင်စိုးမိုး တို့က ဆုများ အသီးသီး ချီးမြှင့် ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင် နှင့် မြို့နယ် အသီးသီးမှ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ မြို့နယ် ပညာရေးမှူး နှင့် ကျောင်းဆရာ ဆရာမများ ၊ ကျောင်းသား - ကျောင်းသူများ အင်အား ၇၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်