Pages

Saturday, February 9, 2013

ကျိုင်းတုံမြို့နယ် သဘာဝ ဘေးဒဏ်သင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်း


ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အရွယ် တစ်လက်မကျော် ခန့်ရှိ မိုးသီးများ ရွာချသဖြင့် ကျိုင်းတုံ မြို့နယ် ၊ ကတ်ထောင် ၊ ကတ်ထိုက် ၊ ၀မ်ဆောင်း ကျေးရွာ အုပ်စုများရှိ ဒေသခံ ပြည်သူများ၏ နေအိမ် ၅၁၈ လုံးအမိုးများ ပျက်စီးခဲ့ရာ သဘာဝ ဘေးဒဏ်သင့် ဒေသခံ ပြည်သူ ၄၆၈ ဦးအား တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက် ပေးခဲ့ပြီး အဆိုပါ ကျေးရွာ များသို့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။
 
 
ဆက်လက်၍ သဘာဝ ဘေးဒဏ်သင့် ကျေးရွာ အုပ်စုများရှိ ဒေသခံ ပြည်သူများအား တပ်မတော် ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချ ထားရေး ၀န်ကြီး ဌာနနှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့မှ ထောက်ပံ့ လှူဒါန်းပွဲ အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ် ၀န်ကြီးချုပ် စ၀်အောင်မြတ် ၊ တိုင်းမှူး နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်နယ် ၀န်ကြီးချုပ် ၊ တိုင်းမှူး နှင့် တာဝန်ရှိ သူများက ၇ ပေသွပ် ၁၀၀၀ ချပ် ၊ ဆန် ၂၀၆ အိတ် ၊ အ၀တ်အထည် နှင့် လူသုံးကန် ပစ္စည်း ၈ မျိုး ၊ စားသောက်ဖွယ် ရာများနှင့် ထောက်ပံ့ငွေများ အသီးသီး ထောက်ပံ့ လှူဒါန်းရာ ပစ္စည်းများအား တိုင်းရင်းသား ပြည်သူ များက လက်ခံ ရယူကြပြီး ဒေသခံ ပြည်သူ တစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
ထို့နောက် ပြည်နယ် ၀န်ကြီးချုပ် ၊ တိုင်းမှူး နှင့် တာဝန်ရှိ သူများသည် သဘာဝ ဘေး ဒဏ် သင့် ဒေ သ ခံ ပြည်သူများအား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ကာ လူနေအိမ် အမိုး များ ပြန် လည် ပြုပြင် နေမှုကို လိုက် လံ ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်