Pages

Saturday, February 9, 2013

နိုင်ငံတော်အစိုးရက ပူတာအိုဒေသရှိ ပြည်သူလူထုအတွက် စားနပ်ရိက္ခာများ တပ်မတော်လေယာဉ်ဖြင့် ပေးပို့လှူဒါန်း

 
နိုင်ငံတော်အစိုးရသည် ပြည်သူလူထု၏ အခက်အခဲများနှင့် တင်ပြချက်များကို အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ကချင်ပြည်နယ် ပူတာအိုဒေသရှိ နယ်မြေခံ ပြည်သူလူထုများ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်နေမှုအပေါ် ပံ့ပိုးကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်တွင် ရန်ကုန်မှ ပူတာအိုသို့ တပ်မတော် လေယာဉ်ဖြင့် ဆန် ၂၅ ကီလိုဝင် အိတ် ၂၄ဝ၊ ဆီ ၁ဝ ပိဿာဝင်ပုံး ၃ဝ နှင့် ဆား ၂၅ ပိဿာဝင် ၁၂ အိတ် စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၅ သိန်းလေးသောင်းအား ပေးပို့လှူဒါန်းခဲ့ရာ ပူတာအိုလေဆိပ်သို့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ရောက် ရှိခဲ့သည်။ ဆေးနှင့် ဆေးပစ္စည်းများ ကိုလည်း မြန်မာ့လေကြောင်းဖြင့် ပူတာအိုမြို့သို့ ဆက်လက်ပေး ပို့လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တင်ပြထားသည့် ပူတာအိုဒေသ ပြည်သူများ မိုးတွင်းကာလ စားသုံးရန်အတွက် လိုအပ်သော စားနပ်ရိက္ခာများဖြစ်သည့် ဆန် ၁၅ဝဝ တန်၊ ဆား ၁၉၅ တန်၊ ကြက်သွန်နီ ၉၅ တန်၊ ကြက်သွန်ဖြူ ၃၉ တန်တို့အား ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့မှစ၍ မြန်မာ့မီးရထားမှ ရထားတွဲများဖြင့် မြစ်ကြီးနားမြို့သို့ စီစဉ်တင်ပို့ပေးလျက် ရှိကြောင်း သတင်းရရှိသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်း စာ တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်